အရူးတစ်ယောက်ရဲ့ည

အိမ်ပြန်ချိန် လမ်းကလေးရဲ့ည မဲပေါက်သွားတဲ့ အရူးတစ်ယောက်လေ လမ်းပေါ်မှာပျော်လို့....

ထာ၀ရ

ချစ်သူ.. ငါတို့ရှေ့မှာ မိုးရွာမယ်၊ လေထန်မယ်၊ တို့မီးရှို့မီးတွေငြိမ်းသက်ရမယ်....

လွင့်မျောတဲ့ညများ

အိပ်ရာမဲ့ ဝင်္ကဘာထဲ အမြဲတမ်း ရုံးကန်ရင်း နလန်ထအောင် ဘယ်လောက်လုပ်လုပ် ငါ့ဘဝက စက်ရုပ်တစ်ခုလိုပဲ...

နာ

အစာလွန် အိပ်မက်တွေ ကိုယ်ပိုင် နှစ်သိမ့်မျက်ရည်များနဲ့ ယောင်ဝါး နေ့ရှည်ရှည် အတ္တိသရ လွန်နေကြတဲ့ လူကြွားတွေရဲ့ ဘဝနဲ့ချီတဲ့ အဓိပ္ပါယ်မဲ့ ပျက်လုံးတွေ…

အချစ်လက်ဆောင်

အသဲ ကွဲရင်ကွဲပါစေတော့ မင်းနှုတ်ခမ်းနဲ့ မင်းအနမ်းတွေကို မျှော်လင့်ရင်း အသက်ဆက်နေတဲ့ ငါဟာ သိုးမဲတစ်ကောင်ပါ မင်းအတွက် ငါဟာ နေတစ်စင်းမဟုတ်ခဲ့ပေမယ့် ကြယ်တစ်ကြွေစာ အလင်းရောင်လေး လောက်ဖြစ်ဖြစ် လင်းခွင့်ရချင်သေးတယ်...

Friday, June 24, 2016

ကိုယ်စား (by harmonious)

မလူးသာမလွန့်သာခံစား
ဒီရင်ဝေဒနာတွေကြားမှာ
ဆွံ့အမြိုသိပ်တိတ်ဆိတ်နေရုံ....
.
ဒေါသကိုအဖေါ်ပြု မောဟကိုတွဲကူလို့
ေ၀ဝါးငါ့နေ့ညများ တစစကုန်ဆုံးလွန်.....
ရင်ခွင်တစ်စုံလုံး ဆုတ်ဖြဲလွှင့်ပစ်
အသက်ဝိဉာဉ်လဲ ခုတ်လှဲပစ်ချင်ရဲ့....
ဒါပေမယ့်... ငါချစ်တဲ့မင်း
ဘဝခရီးကြမ်းလှမ်းစဉ်
ခလုပ်မထိဆူးမငြိဖို့
ရှေ့မှာရင်ကော့ ခေါင်းကိုမော့ကာ
လာသမျှဒဏ် ဆည်းကြိုခံမယ်....
ငါ့ရင်ခွင်နွေး မင်းမှေးစက်ဖို့
ငါအားအင်ဖြည့် စွမ်းအင်သစ်နဲ့
မင်းလက်ကိုဆွဲ မြဲမြဲတွဲလို့
ဝေဒနာတွေလွှင့်ပစ်....
ချစ်တဲ့စိတ်နဲ့ ရှေ့ဆက်လှမ်းရွယ်
မောင်ဖေးကူမယ် ချစ်သူရယ်.....



မလူးသာမလွန့်သာခံစား
.
အသက်ဝိဥာဉ်လဲ ခုတ်လှဲပစ်ချင်ရဲ့....
ဘ၀ခရီးကြမ်းလှမ်းစဉ်
ခလုပ်မထိဆူးမငြိဖို့
ဝေဒနာတွေလွှင့်ပစ်....

ချစ်သူ့ကျောပြင် (by harmonious )

မောင့်ကျောပြင်လေး နောက်ကျောကနေ ရပ်ကြည့်နေမိတယ်
ရင်ထဲမှာဖြစ်လာတဲ့ခံစားချက်ကတစ်
မျိုးတစ်ဘာသာ....
ငယ်ငယ်တုန်းက အမေအလုပ်သွားရင်
အမေ့ကျောပြင်ကိုကြည့်ပြီးခံစားရတဲ့ဝေဒနာမျိုး....
ဝမ်းနည်းတာလား အားငယ်တာလား
ဒါမှမဟုတ် အဲဒီ့ကျောပြင်လေးကိုကြည့်ပြီး
သနားတာလား ဝေခွဲမရဘူး
ရင်ထဲမှဆို့နင့်နေတာတော့အသေအချာပဲ.....
မလင်းတစ်လင်း မမှောင်တစ်မှောင်နဲ့
လမ်းမပေါ်တစ်နေရာကနေ ငေးမောကြည့်ရင်း
ကျွန်မရင်တွေလည်းမောလာတယ်....
မောင့်အတွက်ချစ်ခြင်းမေတ္တာတွေ
အတိုင်းအဆမဲ့ပေးချင်တယ်....
ခွန်အားတွေ နွေးထွေးမှုတွေ
ကြင်နာယုယခြင်းတွေ
တစ်ပွေ့တစ်ပိုက်သယ်ဆောင်ပြီး
မောင့်ရင်ခွင်ထဲကိုပြေးဝင်လာခဲ့ချင်တယ်....
မောင်အားငယ်တိုင်း အားပေးခွင့်
မောင်လဲကျတိုင်း ထူမခွင့်
မောင်လိုအပ်ချိန်တိုင်း လိုအပ်သမျှ
ဖြည့်ဆည်းပေးနိုင်ခွင့်
အဲဒီ့အခွင့်တွေကျွန်မကိုပေးသနားပါလို့
ဆုတောင်းရင်းနဲ့ အဲ့ဒီ့ညမှာကျွန်မအိပ်ပျော်သွားခဲ့တယ်
သန်းခေါင်ကျော် ညလယ်ယံမှာပေါ့.....


(မနေ့ညက မောင့်နောက်ကျောကို ငေးကြည့်ရင်း ခံစားလာရတာတွေလေ
ခုကဗျာရေးနေရင်းနဲ့ မ ငိုမိသေးတယ်.. တစ်ကယ်ခံစားရတယ်မောင်ရယ်...
မောင့်ကိုချစ်တာရော သနားတာရော အစုံပဲ... တစ်နေ့ထက်တစ်နေ့ပိုပြီး
မောင့်အပေါ်ထားတဲ့ မ ခံစားချက်တွေ တိုးတိုးသာလာတယ် လျော့သွားဖို့မရှိပါဘူး
..)


Thursday, January 12, 2012

ကျွန်တော်၏ စက်ရုပ် မနက်ခင်းများ


နံနက်မှောင်ရီလင်းစ

ပြူးပြဲထခါ

နိစ္စဓူဝ နေ့စဉ်ဘဝ ပြန်စလေပြီ

ခွန်ဆယ့်ငါးတောင််ရှိပါပေါ့လား..

ရေအိမ်ကိုကြွ မှန်ကိုပြလဲ

မျက်ခွံတွေများ ဆယ့်လေးငါးရက်

အစာငတ်သည့် လင်းဒငယ်ပမာ

အခါခါပြုတ်ကျ ဒီနေ့ငါ့မနက်အစပေါ့..

မျက်နှာကိုသစ် သွားကိုခြစ်

ကိုယ်ဝတ်အကျႌ ကောက်ခါစွတ်တည်း

နာရီကြည့်ခါ ခြေအိတ်ရှာသည်

ခုနစ်နာရီခွဲပြီပဲ..

ပြူးခါပြာခါ အိတ်ကိုရှာပြီး

အိမ်သော့အတွဲ ကောက်ခါဆွဲလျက်

ဖိနပ်အိုထဲ ခြေထောက်ဝင်စေ..

တံခါးကိုဖွင့် အပြင်းနှင်သည်

တောအုပ် (Woodlands) ခေါ်သည် MRT(ဘူတာ)သို့

ချစ်သူလက်ကိုဆွဲလို့ပေါ့ ..




စာမရေးဖြစ်တာကြာပါပြီ ရေးချင်စိတ်ပေါက်လာတာနဲ့ ကျွန်တော်နေ့စဉ် (အထူးသဖြင့်မနက်ပိုင်းတွေ )  ဖြတ်သန်း ရတဲ့ အကြောင်းလေးကို အမှတ်တရ အဖြစ်ကဗျာစပ်ကြည့် လိုက်တယ်.(ကျွန်တော့်အချစ် ထည့်ပေးတဲ့ ထမင်းဘူးတို့ ပေါင်မုန့်ချိစ်ညှပ် လေးတွေကိုတော့ ဒီကဗျာ မနက်ခင်းတွေအတွက် စိတ် မကောင်းစွာနဲ့ ချန်ခဲ့ရပါတယ်..ချစ်သူနားလည်ပေးပါနော်) အာရုံရတဲ့အခါ ဆက်ပါဦးမည်..

 




Friday, December 2, 2011

ဘယ်လိုဖြစ်ဖြစ်


အသက်ရှူမဝတဲ့ နေ့စွဲတွေ
ကုန်ဆုံးတော့မှာပါ ချစ်သူ
တစ်ဒင်္ဂ ခဏလေးတော့
ငါနဲ့ အတူ ဆက်လက်ရှင်သန်ပေးပါ ....

*ဒီမွန်းကြပ်မှု ခဏကို
ငါတို့နှစ်ယောက်ရဲ့
အချစ်ခွန်အားနဲ့
အနာဂတ်ကို တွန်းလှန်ရိုက်ချိုးမယ် ချစ်သူ ....
ရှေ့ မှာ ပန်းတွေ ဆူးတွေ ချောက်ကမ်းပါးတွေ အပြည့်ပဲ
ဒါပေမယ့် ငါတို့ လုပ်နိုင်မှာပါ ဘယ်လိုပဲဖြစ်ဖြစ်ပေါ့ .....
ငါတို့လုပ်နိုင်မှာပါ....



Thursday, November 24, 2011

ထာဝရ


ချစ်သူ..
ငါတို့ရှေ့မှာ မိုးရွာမယ်၊ လေထန်မယ်၊ တို့မီးရှို့မီးတွေငြိမ်းသက်ရမယ်..
အနာဂတ်မှာ မနက်စာဆိုတာခပ်ပါးပါးလဲဖြစ်ချင်ဖြစ်မယ်..
အလင်းတစက် အမှောင်တစ်ဝက် လဲလာချင်လာလိမ့်မယ်..
တသက်စာအချစ်လေ… ငါတိုဘဝတွေမှာ ထာဝစဉ် ကိန်းဝတ်နေဘို့ပဲလိုတယ်..
ကျန်တာတွေ ခပ်ပါးပါးပဲ..

ချစ်သူ..
တခြားလူတွေ ဘယ်လိုလဲမသိဘူး..
နားလည်မှုဆိုတာ နားလည်ပေးတဲ့သူတွေအတွက်ပဲ တန်ဘိုးရှိတာပါ..
မင်းနဲ့ငါ  ထာဝရ တန်ဘိုးရှိဘို့ပဲ လိုအပ်တယ်…


(စာမရေးဖြစ်တာလဲကြာပြီမို့ ကဗျာလေးတင်ဖြစ်ပါတယ်.. လာဖတ်ဖြစ်တဲ့သူတွေကို အထူးကျးဇူးတင်ပါတယ်.. )

Wednesday, July 28, 2010

လွမ်းခန်း


ဆို့နင့်စွာ ခံစားတိုင်း
ငါ့မျက်ဝန်းတွေ နွေးထွေးစွတ်စို…
အရာရာ သိုဝှက် နောက်ရက် ဆိုတာမသေချာပေမယ့် ..
လက်ရှိကပို မျိုသိပ် နှုတ်ဆိတ်နေရုံ..
အရိုးစူးသလို ငါ့အချစ်က မျိုလေနာလေပဲ …
လွမ်းခန်း တသသနဲ့
နေမင်းနှုတ်ဆက်ချိန် ညရီရောမှာ
ငါကိုယ်တိုင် က နေရတဲ့
ဝေဝါး ကြမ်းရှရှ ဇါတ်ခုံလား
ချစ်သူရေ …. မျှော်လင့်တိုင်းပြည့်စုံပါစေသား …..









နာ



အစာလွန် အိပ်မက်တွေ
ကိုယ်ပိုင်
နှစ်သိမ့်မျက်ရည်များနဲ့
ယောင်ဝါး နေ့ရှည်ရှည်
အတ္တိသရ လွန်နေကြတဲ့
လူကြွားတွေရဲ့
ဘဝနဲ့ချီတဲ့ အဓိပ္ပါယ်မဲ့ ပျက်လုံးတွေ…
ခေါင်းစဉ်လွဲနေတဲ့ သြဝါဒတွေ…
တကယ်တော့ သူတို့ သိတဲ့ဘဝက
ငါ့အတွက် ဟာသမြောက်ပါတယ်..
ဒီမြွတ်ကြားမှုတွေ အောက်မှာပဲ…
တစ်ထပ်ပြီး တစ်ထပ် ရစ်ပတ်နေတဲ့
သံယောဇဉ်နဲ့ အကြွေးတွေပေါ့
ငါဗိုက်နာနေတုန်းပဲ

အသံ ( by harmonious)


အသံတစ်သံကြားနေရတယ်….
ဦးနှောက်ထဲမှာဝီခေါ်အောင်မြည်နေတဲ့အသံ
ဦးခေါင်းတစ်ခုလုံးပေါက်ထွက်သွားတော့မတတ်ပဲ
နားပိတ်ထားလည်းကြားနေရတယ်
ဘယ်နေရာကိုပဲရွှေ့ရွှေ့အသံကလိုက်လာတယ်
အဲဒီ့အသံကိုမုန်းလွန်းလို့မကြားချင်တော့ဘူး
အဲဒီ့အသံရပ်ပါစေလို့ဆုတောင်းပြီးရင်းတောင်းနေရတယ်
တစ်ချက်တစ်ချက်တိုးသွားတယ်
အသံပျောက်သွားပြီထင်လို့ပျော်နေတုန်းပြန်ကျယ်လာပြန်တယ်
တော်ပါတော့….. တောင်းပန်ပါတယ်…..
ဟော…..
ရုတ်တရက်ဆိုသလိုအဲဒီ့အသံပျောက်သွားတယ်
ခဏလေးနားစိုက်ထောင်ကြည့်လိုက်သေးတယ်
အသံတစ်ကယ်ပျောက်သွားတယ်
အား…ကောင်းလိုက်တာ….
နားကိုချမ်းသာသွားတာပဲ
ခုမှပဲအေးအေးချမ်းချမ်းအိပ်ရတော့မယ်

တခါတလေ (by harmonious)

တစ်ခါတစ်လေ ဘဝကအဓိပ္ပါယ်မရှိဘူး….
တစ်ခါတစ်လေ အချစ်ကအဓိပ္ပါယ်မရှိဘူး….
ဘဝကအချစ်လား အချစ်ကဘဝလား တကယ့်အဓိပ္ပါယ်ကိုရှာမရဘူး….
တစ်ခါတစ်လေ ဘဝကိုအပိုင်ရချင်တယ် ကိုယ့်စိတ်တိုင်းကျဖန်တီးခွင့်…
တစ်ခါတစ်လေ အချစ်ကိုအပိုင်ရချင်တယ် ကိုယ့်စိတ်တိုင်းကျမြတ်နိုးခွင့်….
တစ်ကယ်ဖြစ်ခွင့်ကိုမျှော်လင့်တုန်း လက်ဝယ်ပိုင်ဆိုင်ခွင့်မရသေးဘူး….
တစ်ခါတစ်လေတွေရဲ့ တစ်ခါတစ်လေပေါင်းများစွာ ငါငိုနေရတုန်း….
တစ်ခါတစ်လေတော့လည်း ငါ့မျှော်လင့်ချက်တွေပျောက်ကွယ်တုန်း
ရည်ရွယ်ရာလမ်း မှန်းရော်ရမ်းရတုန်း
တစ်ခါတစ်လေတော့လည်း ချစ်သူရဲ့အနမ်းတွေရနေတုန်း
ချစ်သူ့ ပုခုံးမှာမှေးစက်နားခိုခွင့်ကိုပေးနေတုန်း
တစ်ခါတစ်လေလေးပဲချစ်ခွင့်ရလိုက်မှာကို ကြောက်နေတုန်း
အဲဒီ့တစ်ခါတစ်လေတွေကြားထဲမှာ
ချစ်တဲ့သူ့ကိုတစ်ခါတစ်လေလေးပဲပိုင်ဆိုင်ခွင့်ရလိုက်မှာကို
ငါတစ်ခါတစ်လေစိုးရိမ်မိနေတုန်း

ခိုသံ



လွမ်းရေးထက် ဝမ်းရေးခက်တယ်တဲ့
ရင်ခုန်စရာမကောင်းလောက်အောင် .. ကောနေတဲ့ကံ
ပေါက်လို့ပဲစား  စိတ်ဓါတ်တွေ အဆ မတန်အောင်ကြီးထွား ..
အင်း .. အ “အ”  အိပ်မက်မက်နေသလို ငါ့ဘဝလေ ..
သေလောက်အောင် အိပ်ချင်နေလဲ
ငါမျက်လုံးကို ရင်ဘတ်က ဆွဲဖြဲနေတယ်..
ဆံပင်အောက်က ဉာဏ်မရှိတဲ့ ခေါင်းကလဲ အပါအဝင်ပေါ့ ….
အပေါစား အကြံဉာဏ်တွေကတော့ ဦးနှောက်နဲ့တောင်မဆံ့ချင်ဘူး ..
အချစ်လား … ဘဝလား .. ရင်ခုန်သံတွေသေလောက်အောင် ..
အနာဂတ်တွေ ဖောက်လွဲဖောက်ပြန်ဖြစ်နေဦးမှာလား …
အားကိုးစရာ ကံ၊ ဉာဏ်၊ နဲ့ ဝီရိယ … အားလုံး မြေအောက်ရောက်နေပြီ…
အသက်ရှူကြပ်တယ် ..

ပြည့်စုံကြပုံများ

ကျွမ်းပါ သဘိ
အရမ်းသာ မလန်းကြသေးတာ ..
အရမ်းစွာ၏
အစွမ်းသာ မရှိကြသေးတာ ..
အရမ်းမာ၏
အမြင့်သာ မရောက်ကြသေးတာ ..
အရမ်း ဝါ၏
အဆင့်သာ မရှိကြသေးတာ ..
အရမ်းခါ၏
ဒလကြမ်းသာ မချောကြသေးတာ..
ဒါဘဝတဲ့ ကဲ ဒီဇာတ်လမ်းမှာ ဘယ်သူတွေပါကြဦးမလဲ ..

အရိုးစွဲခြင်း

အတိတ်အတွက်
အရာရာနောက်ကျ
ဒါဏ်ရာ ဗလပွနဲ့ ငါ့ည
ပစ္စုပ္ပန် ကတော့အိပ်မောကျနေလေရဲ့
အနာဂါတ် ဆိုတဲ့ နိစ္စဒူဝ ယန္တယားထဲကနေ
ဖောက်ထွက်လို့ရရင်ဘယ်လောက်
ကောင်းလိုက်လေနော်
ငါဘယ်တော့ “လူ ပီသစွာ” နေထိုင်မှာလဲ ..
မင်းရော “လူ ပီသ”  ပြီးပြီလား ….
ဘာလဲ ထမင်းတစ်လုပ် ၊ ကျေးဇူးတစ်ခု
အသပြာတွေ အတွက် … မင်းတို့ ငါတို့
အဆိုးဆုံး ဖောက်ပြန်မှုုတွေဖြစ်ခဲ့ကြပြီ …
အလိမ်အညာတွေ ထွေရာလေးပါး
မကင်းနိုင်ကြတော့ဘူးလား. ..
မင်းရော ငါရော ဒီအမွေတွေအတိုင်း
အရိုးမစွဲပါရစေနဲ့ …..

မှတ်ချက်…   ဒီကဗျာလေးမှာ .. မင်းရော .. ငါရော .. ဟာ  ကျွန်တော်ကိုယ်တိုင်ပါပဲ …

လွင့်မြောတဲ့ညများ



အိပ်ရာမဲ့ ဝင်္ကဘာထဲ
အမြဲတမ်း ရုံးကန်ရင်း နလန်ထအောင်
ဘယ်လောက်လုပ်လုပ် ငါ့ဘဝက
စက်ရုပ်တစ်ခုလိုပဲ
အရိုးစွဲနေတဲ့ ညစ်ညမ်းပျင်းရိဖွယ်
ညဉ့်နက်တွေတိုင်းမှာ တည်ရာတစ်ခုကို
အာရုံစိုက် … ငိုက်မြည်းစရာမကောင်းလိုက်တာ
အားလုံးအိပ်ချိန်မှာ ငါမအိပ်ချင်သေးဘူး
စိတ်စေရာ လိုက်မျှော .. တစ်ခုပြီးတစ်ခု
နောက်တစ်ခုပြီးတစ်ခု .. ဘယ်အရာက
ငါ့ကိုအောင်မြင်စေမှာလဲ …