Tuesday, February 3, 2009

အချစ်လက်ဆောင်

အသဲ ကွဲရင်ကွဲပါစေတော့
မင်းနှုတ်ခမ်းနဲ့ မင်းအနမ်းတွေကို
မျှော်လင့်ရင်း
အသက်ဆက်နေတဲ့ ငါဟာ သိုးမဲတစ်ကောင်ပါ
မင်းအတွက် ငါဟာ နေတစ်စင်းမဟုတ်ခဲ့ပေမယ့်
ကြယ်တစ်ကြွေစာ အလင်းရောင်လေး လောက်ဖြစ်ဖြစ်
လင်းခွင့်ရချင်သေးတယ်...

တစ်ခါတလေ
ဘဝကို
အချစ်တခုရယ်
ငါရယ် မင်းရယ် အတူတူ
ရိုးရှင်းစွာနဲ့
လိပ်လိုပဲ ဖြည်းဖြည်းလေး
ဖြတ်သန်းချင်မိတယ်..
မင်းနားတောင်ဖူးတဲ့
ငါ့ရင်ခုံသံ ဂီတအစစ်ကို မင်းယုံစမ်း...
မင်းအတွက် ငါ....
အလန်းဆန်းဆုံး
အချစ် လက်ဆောင်ဖြစ်ခွင့် ရခဲ့လို့ပေါ့....



Valentine's day 2009 အတွက်.. အမှတ်တရ .. ကြိုရေးမိတာပါ..

9 ယောက်အကြံပေးပါတယ်..:

ကြိုရေးတော့
ကြိုဖတ်ရတာပေါ့ဗျာ
ကဗျာကောင်းလေးပါ ..

အချစ်လက်ဆောင်
ကဗျာလေးကောင်းတယ်
သိုးမဲကိုမမြင်ဘူးတာနဲ့အတော်ပဲ
ဝင်ရှိုးသွားတယ်
:)

အောအော်.. ဗယ်လင်တိုင်းဒေးတောင် ရောက်တော့မှာပါလား.... ကျွန်တော် အချစ်မဲ့နဲ့တော့ အဲဒီနေ့က မဆိုင်..ဟိ

ဖိုးဖိုးရေ.....
ငါ့အတွက် 14th FEB ဆိုတာ မရှိခဲ့ပေမဲ့...
တခါတလေ ငါ ရယ် မင်းရယ် ...ဆိုတဲ့ စကားလုံးလေးကို ခိုက်တယ်..ကြိုက်တယ်..

တစ်ခါတလေ
ဘဝကို
အချစ်တခုရယ်
ငါရယ် မင်းရယ် အတူတူ
ရိုးရှင်းစွာနဲ့
ဖြတ်သန်းချင်မိတယ် ...
အဲဒီ စာသားလေးတွေကိုတော့ ကြိုက်သွားပီ
ဆက်လက်ရေးသားနိုင်ပါစေ ......

ကဗျာကောင်း တစ်ပုဒ်ပါ ..။

ကဗျာလေးဖတ်ပြီးခံစားလိုက်ရပါတယ်--


ခံစားပေးပါတယ်--
အဆင်ပြေပါစေ--