Thursday, November 24, 2011

ထာဝရ


ချစ်သူ..
ငါတို့ရှေ့မှာ မိုးရွာမယ်၊ လေထန်မယ်၊ တို့မီးရှို့မီးတွေငြိမ်းသက်ရမယ်..
အနာဂတ်မှာ မနက်စာဆိုတာခပ်ပါးပါးလဲဖြစ်ချင်ဖြစ်မယ်..
အလင်းတစက် အမှောင်တစ်ဝက် လဲလာချင်လာလိမ့်မယ်..
တသက်စာအချစ်လေ… ငါတိုဘဝတွေမှာ ထာဝစဉ် ကိန်းဝတ်နေဘို့ပဲလိုတယ်..
ကျန်တာတွေ ခပ်ပါးပါးပဲ..

ချစ်သူ..
တခြားလူတွေ ဘယ်လိုလဲမသိဘူး..
နားလည်မှုဆိုတာ နားလည်ပေးတဲ့သူတွေအတွက်ပဲ တန်ဘိုးရှိတာပါ..
မင်းနဲ့ငါ  ထာဝရ တန်ဘိုးရှိဘို့ပဲ လိုအပ်တယ်…


(စာမရေးဖြစ်တာလဲကြာပြီမို့ ကဗျာလေးတင်ဖြစ်ပါတယ်.. လာဖတ်ဖြစ်တဲ့သူတွေကို အထူးကျးဇူးတင်ပါတယ်.. )

2 ယောက်အကြံပေးပါတယ်..:

နားလည္မႈဆုိတာ နားလည္ေပးတဲ့သူေတြအတြက္ပဲ တန္ဘုိးရွိတာပါ.. မင္းနဲ႔ငါ ထာဝရ တန္ဘုိးရွိဘုိ႔ပဲ လုိအပ္တယ္…

ဆိုတာေလးကို ႏွစ္သက္မိတယ္။

ျမတ္ကို လူတစ္ေယာက္ ေျပာဖူးတယ္။ လူေတြ ခ်စ္လ်က္နဲ႔ ကြဲကြာေနၾကတာ တစ္ေယာက္ကို တစ္ေယာက္ နားလည္မႈ မရွိၾကလို႕တဲ႔ေလ။

နားလည္မႈေတြ ထာဝရ တန္ဖိုးရွိပါေစ။

နားလည်မှုဆိုတာ နားလည်ပေးတဲ့သူတွေအတွက်ပဲ တန်ဘိုးရှိတာပါ.. မင်းနဲ့ငါ ထာဝရ တန်ဘိုးရှိဘို့ပဲ လိုအပ်တယ်…
ဆိုတာလေးကို နှစ်သက်မိတယ်။
မြတ်ကို လူတစ်ယောက် ပြောဖူးတယ်။ လူတွေ ချစ်လျက်နဲ့ ကွဲကွာနေကြတာ တစ်ယောက်ကို တစ်ယောက် နားလည်မှု မရှိကြလို့တဲ့လေ။
နားလည်မှုတွေ ထာဝရ တန်ဖိုးရှိပါစေ။ @Myat Pan Nwe https://www.blogger.com/profile/02214424781429558403
အကြောင်းကြောင်းတွေကြောင့် ခုမှ ပြန်ပြောနိုင်တာခွင့်လွတ်ပါဗျ ... ဖတ်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်နော်