Saturday, April 11, 2009

နှစ်သစ်ကူး

မွှေးပြန့်တဲ့ မြေသင်းရနံ့
မူးဝေရီရစ်မူး ကြည်နူးဖွယ်
နှစ်ကူးအခါသမယ
ရင်ခုန်သံတွေ စီရီနားထောင်
ရွှဲရွှဲစို ဘယ်လောက်ချမ်းနေပါစေ
ငါတို့တွေ....
နွေးထွေးနေမှာပဲနော်...
ဒီလိုနေ့လေးတွေ မင်းနဲ့ငါ
အနည်းဆုံးတစ်ရက်လောက်တော့
ကြုံချင်သေးတယ်...

3 ယောက်အကြံပေးပါတယ်..:

သင်္ကြန်ရေလို အေးမြပါစေ
မြန်မာပြည်သူများ သာယာဝပြောပါစေ
ငြိမ်းချမ်းကြပါစေ
ဘဝ နဲ့ ဆန္ဒတထပ်တည်းကျကြပါစေ

တစ်ရက်မဟုတ်ဘူး အများကြီးကြုံဗျာ :)

တရက်မက နေ့တိုင်းကြုံပါစေဗျာ... အအေးပါတ်ရင်တော့ မသိဘူးနော်.. ဟီး