Saturday, May 16, 2009

အိပ်မက်ရှည် (by harmonious)

မရေရာတဲ့ငါ့ရဲ့အနာဂတ်ထဲမှာ
မင်းလမ်းပျောက်သွားမှာ
ငါအစိုးရိမ်ဆုံးပဲ.....
လင်းလက်တောက်ပတဲ့
မင်းအနာဂတ်ကိုလှမ်းမြင်နေရတာတောင်
ငါနေထိုင်တဲ့ ယိုင်နဲ့နဲ့ အချစ်သစ်ပင်အောက်မှာ
ငါ့ကိုအဖော်ပြုပေးရင်း
မင်းသွားရမယ့်လမ်း နေဝင်ချိန်ရောက်သွားမှာ
ငါစိုးရိမ်တယ်......
တို့နှစ်ယောက် အဲဒီ့အချစ်သစ်ပင်လေးအောက်မှာ
ဘယ်လောက်ကြာကြာနေထိုင်ခွင့်ရမှာလဲ...
မုန်တိုင်းဆိုတာရောက်လာခဲ့ရင်ရော
ငါတို့အချစ်သစ်ပင်အောက်မှာပဲပေကပ်နေရမလား ? ? ?
ထွက်ပြေးလို့ရော လွတ်မြောက်ခွင့်ရမှာလား ? ? ?
မုန်တိုင်းကြားမှာ တစ်ယောက်တစ်ကွဲစီ လွင့်ပါသွားမှာလား ? ? ?
ဒါမှမဟုတ်... အချစ်သစ်ပင်လေးပြိုလဲကျသွားခဲ့ရင်ရော
ငါတို့နှစ်ယောက်လုံး အဲဒီ့နေရာမှာပဲ သေဆုံးရမှာလား ? ? ?

မဖြစ်ပါရစေနဲ့.....
အချစ်သစ်ပင်လေးလည်း မလဲကျပါစေနဲ့...
မုန်တိုင်းတွေပြီးသွားရင်
တောက်ပတဲ့မင်းရဲ့အနာဂတ်လမ်းကိုလျှောက်တဲ့အခါ
ငါလဲမင်းရဲ့ဘေးမှာ နွေးထွေးတဲ့မင်းလက်ကိုတွဲပြီးလိုက်ခွင့်ရဖို့
မရဲတရဲနဲ့ အိပ်မက်တွေမက်နေတုန်းပဲ

9 ယောက်အကြံပေးပါတယ်..:

အတော်ကောင်းတယ။်

နောက်တစ်ခါပိုပြီးခွန်အားရှိတဲ့ အချစ်ရေးပါ. မိန်းကလေးတွေ ကအားကိုးချင်ကြတယ။် မှီခိုမခံချင်ဘူး.
ကဗျာကိုတော့ကြိုက်တယ်။ ပိုအားရှိစေချင်တယ။် စိတ်ခံစားချက်အားဖြင့်။

ကဗျာလေးကကောင်းပါတယ် ... လမ်းပျောက်သွားမှာစိုးရိမ်တယ်ဆိုရင် သစ်ပင်အောက်ပဲထိုင်မနေနဲ့လေ. ... လမ်းရှာကြည့်ပေါ့ ... ထိုင်နေလို့တော့ ဘာမှဖြစ်မလာဘူးတဲ့ ...

ကဗျာလေးကို ခံစားသွားပါတယ်ဗျာ။

လာရောက်ဖတ်ရှု ခံစားသွားပါတယ်...


ဖိုးဖိုးရေ
အ်ပ်မက်ကဗျာလေးလာဖတ်ပါတယ်
လှပတဲ့အိပ်မက်တွေ ရဲရဲ မက်နိုင်ပါစေ
ခင်မင်လျက်

အိမ်မက်တွေက အမှန်ဖြစ်လာပါစေဗျာ...။ နောက် မင်္ဂလာပွဲတွေကိုလည်း တက်ရောက်ချင်ပါသေးတယ်... အဟ

သစ်ပင်တွေလည်း ခိုင်ခိုင်မြဲပါစေ
မုန်တိုင်းတွေလည်း အပြင်းအထန် မတိုက်ပါစေနဲ့....။
သူငယ်ချင်းရေ..... မင်းနွေးထွေးမယ် ထင်တဲ့ လက်ကို ကိုင်ဆုပ်ရင်း မင်းအိပ်မက်တွေ တစ်စ တစ်စ ပီပြင်လာပါစေကွာ....။

ခင်မင်လျှက်
အချစ်မဲ့ဂစ်တာ