လွမ်းရေးထက် ဝမ်းရေးခက်တယ်တဲ့
ရင်ခုန်စရာမကောင်းလောက်အောင် .. ကောနေတဲ့ကံ
ပေါက်လို့ပဲစား စိတ်ဓါတ်တွေ အဆ မတန်အောင်ကြီးထွား ..
အင်း .. အ “အ” အိပ်မက်မက်နေသလို ငါ့ဘဝလေ ..
သေလောက်အောင် အိပ်ချင်နေလဲ
ငါမျက်လုံးကို ရင်ဘတ်က ဆွဲဖြဲနေတယ်..
ဆံပင်အောက်က ဉာဏ်မရှိတဲ့ ခေါင်းကလဲ အပါအဝင်ပေါ့ ….
အပေါစား အကြံဉာဏ်တွေကတော့ ဦးနှောက်နဲ့တောင်မဆံ့ချင်ဘူး ..
အချစ်လား … ဘဝလား .. ရင်ခုန်သံတွေသေလောက်အောင် ..
အနာဂတ်တွေ ဖောက်လွဲဖောက်ပြန်ဖြစ်နေဦးမှာလား …
အားကိုးစရာ ကံ၊ ဉာဏ်၊ နဲ့ ဝီရိယ … အားလုံး မြေအောက်ရောက်နေပြီ…
အသက်ရှူကြပ်တယ် ..
0 ယောက်အကြံပေးပါတယ်..:
Post a Comment