အတိတ်အတွက်
အရာရာနောက်ကျ
ဒါဏ်ရာ ဗလပွနဲ့ ငါ့ည
ပစ္စုပ္ပန် ကတော့အိပ်မောကျနေလေရဲ့
အနာဂါတ် ဆိုတဲ့ နိစ္စဒူဝ ယန္တယားထဲကနေ
ဖောက်ထွက်လို့ရရင်ဘယ်လောက်
ကောင်းလိုက်လေနော်
ငါဘယ်တော့ “လူ ပီသစွာ” နေထိုင်မှာလဲ ..
မင်းရော “လူ ပီသ” ပြီးပြီလား ….
ဘာလဲ ထမင်းတစ်လုပ် ၊ ကျေးဇူးတစ်ခု
အသပြာတွေ အတွက် … မင်းတို့ ငါတို့
အဆိုးဆုံး ဖောက်ပြန်မှုုတွေဖြစ်ခဲ့ကြပြီ …
အလိမ်အညာတွေ ထွေရာလေးပါး
မကင်းနိုင်ကြတော့ဘူးလား. ..
မင်းရော ငါရော ဒီအမွေတွေအတိုင်း
အရိုးမစွဲပါရစေနဲ့ …..
မှတ်ချက်… ဒီကဗျာလေးမှာ .. မင်းရော .. ငါရော .. ဟာ ကျွန်တော်ကိုယ်တိုင်ပါပဲ …
0 ယောက်အကြံပေးပါတယ်..:
Post a Comment