မောင့်ကျောပြင်လေး နောက်ကျောကနေ ရပ်ကြည့်နေမိတယ်
ရင်ထဲမှာဖြစ်လာတဲ့ခံစားချက်ကတစ်
မျိုးတစ်ဘာသာ....
ငယ်ငယ်တုန်းက အမေအလုပ်သွားရင်
အမေ့ကျောပြင်ကိုကြည့်ပြီးခံစားရတဲ့ဝေဒနာမျိုး....
ဝမ်းနည်းတာလား အားငယ်တာလား
ဒါမှမဟုတ် အဲဒီ့ကျောပြင်လေးကိုကြည့်ပြီး
သနားတာလား ဝေခွဲမရဘူး
ရင်ထဲမှဆို့နင့်နေတာတော့အသေအချာပဲ.....
မလင်းတစ်လင်း မမှောင်တစ်မှောင်နဲ့
လမ်းမပေါ်တစ်နေရာကနေ ငေးမောကြည့်ရင်း
ကျွန်မရင်တွေလည်းမောလာတယ်....
မောင့်အတွက်ချစ်ခြင်းမေတ္တာတွေ
အတိုင်းအဆမဲ့ပေးချင်တယ်....
ခွန်အားတွေ နွေးထွေးမှုတွေ
ကြင်နာယုယခြင်းတွေ
တစ်ပွေ့တစ်ပိုက်သယ်ဆောင်ပြီး
မောင့်ရင်ခွင်ထဲကိုပြေးဝင်လာခဲ့ချင်တယ်....
မောင်အားငယ်တိုင်း အားပေးခွင့်
မောင်လဲကျတိုင်း ထူမခွင့်
မောင်လိုအပ်ချိန်တိုင်း လိုအပ်သမျှ
ဖြည့်ဆည်းပေးနိုင်ခွင့်
အဲဒီ့အခွင့်တွေကျွန်မကိုပေးသနားပါလို့
ဆုတောင်းရင်းနဲ့ အဲ့ဒီ့ညမှာကျွန်မအိပ်ပျော်သွားခဲ့တယ်
သန်းခေါင်ကျော် ညလယ်ယံမှာပေါ့.....
(မနေ့ညက မောင့်နောက်ကျောကို ငေးကြည့်ရင်း ခံစားလာရတာတွေလေ
ခုကဗျာရေးနေရင်းနဲ့ မ ငိုမိသေးတယ်.. တစ်ကယ်ခံစားရတယ်မောင်ရယ်...
မောင့်ကိုချစ်တာရော သနားတာရော အစုံပဲ... တစ်နေ့ထက်တစ်နေ့ပိုပြီး
မောင့်အပေါ်ထားတဲ့ မ ခံစားချက်တွေ တိုးတိုးသာလာတယ် လျော့သွားဖို့မရှိပါဘူး
..)
0 ယောက်အကြံပေးပါတယ်..:
Post a Comment