အရူးတစ်ယောက်ရဲ့ည

အိမ်ပြန်ချိန် လမ်းကလေးရဲ့ည မဲပေါက်သွားတဲ့ အရူးတစ်ယောက်လေ လမ်းပေါ်မှာပျော်လို့....

ထာ၀ရ

ချစ်သူ.. ငါတို့ရှေ့မှာ မိုးရွာမယ်၊ လေထန်မယ်၊ တို့မီးရှို့မီးတွေငြိမ်းသက်ရမယ်....

လွင့်မျောတဲ့ညများ

အိပ်ရာမဲ့ ဝင်္ကဘာထဲ အမြဲတမ်း ရုံးကန်ရင်း နလန်ထအောင် ဘယ်လောက်လုပ်လုပ် ငါ့ဘဝက စက်ရုပ်တစ်ခုလိုပဲ...

နာ

အစာလွန် အိပ်မက်တွေ ကိုယ်ပိုင် နှစ်သိမ့်မျက်ရည်များနဲ့ ယောင်ဝါး နေ့ရှည်ရှည် အတ္တိသရ လွန်နေကြတဲ့ လူကြွားတွေရဲ့ ဘဝနဲ့ချီတဲ့ အဓိပ္ပါယ်မဲ့ ပျက်လုံးတွေ…

အချစ်လက်ဆောင်

အသဲ ကွဲရင်ကွဲပါစေတော့ မင်းနှုတ်ခမ်းနဲ့ မင်းအနမ်းတွေကို မျှော်လင့်ရင်း အသက်ဆက်နေတဲ့ ငါဟာ သိုးမဲတစ်ကောင်ပါ မင်းအတွက် ငါဟာ နေတစ်စင်းမဟုတ်ခဲ့ပေမယ့် ကြယ်တစ်ကြွေစာ အလင်းရောင်လေး လောက်ဖြစ်ဖြစ် လင်းခွင့်ရချင်သေးတယ်...

Wednesday, July 28, 2010

တခါတလေ (by harmonious)

တစ်ခါတစ်လေ ဘဝကအဓိပ္ပါယ်မရှိဘူး….
တစ်ခါတစ်လေ အချစ်ကအဓိပ္ပါယ်မရှိဘူး….
ဘဝကအချစ်လား အချစ်ကဘဝလား တကယ့်အဓိပ္ပါယ်ကိုရှာမရဘူး….
တစ်ခါတစ်လေ ဘဝကိုအပိုင်ရချင်တယ် ကိုယ့်စိတ်တိုင်းကျဖန်တီးခွင့်…
တစ်ခါတစ်လေ အချစ်ကိုအပိုင်ရချင်တယ် ကိုယ့်စိတ်တိုင်းကျမြတ်နိုးခွင့်….
တစ်ကယ်ဖြစ်ခွင့်ကိုမျှော်လင့်တုန်း လက်ဝယ်ပိုင်ဆိုင်ခွင့်မရသေးဘူး….
တစ်ခါတစ်လေတွေရဲ့ တစ်ခါတစ်လေပေါင်းများစွာ ငါငိုနေရတုန်း….
တစ်ခါတစ်လေတော့လည်း ငါ့မျှော်လင့်ချက်တွေပျောက်ကွယ်တုန်း
ရည်ရွယ်ရာလမ်း မှန်းရော်ရမ်းရတုန်း
တစ်ခါတစ်လေတော့လည်း ချစ်သူရဲ့အနမ်းတွေရနေတုန်း
ချစ်သူ့ ပုခုံးမှာမှေးစက်နားခိုခွင့်ကိုပေးနေတုန်း
တစ်ခါတစ်လေလေးပဲချစ်ခွင့်ရလိုက်မှာကို ကြောက်နေတုန်း
အဲဒီ့တစ်ခါတစ်လေတွေကြားထဲမှာ
ချစ်တဲ့သူ့ကိုတစ်ခါတစ်လေလေးပဲပိုင်ဆိုင်ခွင့်ရလိုက်မှာကို
ငါတစ်ခါတစ်လေစိုးရိမ်မိနေတုန်း

ခိုသံ



လွမ်းရေးထက် ဝမ်းရေးခက်တယ်တဲ့
ရင်ခုန်စရာမကောင်းလောက်အောင် .. ကောနေတဲ့ကံ
ပေါက်လို့ပဲစား  စိတ်ဓါတ်တွေ အဆ မတန်အောင်ကြီးထွား ..
အင်း .. အ “အ”  အိပ်မက်မက်နေသလို ငါ့ဘဝလေ ..
သေလောက်အောင် အိပ်ချင်နေလဲ
ငါမျက်လုံးကို ရင်ဘတ်က ဆွဲဖြဲနေတယ်..
ဆံပင်အောက်က ဉာဏ်မရှိတဲ့ ခေါင်းကလဲ အပါအဝင်ပေါ့ ….
အပေါစား အကြံဉာဏ်တွေကတော့ ဦးနှောက်နဲ့တောင်မဆံ့ချင်ဘူး ..
အချစ်လား … ဘဝလား .. ရင်ခုန်သံတွေသေလောက်အောင် ..
အနာဂတ်တွေ ဖောက်လွဲဖောက်ပြန်ဖြစ်နေဦးမှာလား …
အားကိုးစရာ ကံ၊ ဉာဏ်၊ နဲ့ ဝီရိယ … အားလုံး မြေအောက်ရောက်နေပြီ…
အသက်ရှူကြပ်တယ် ..

ပြည့်စုံကြပုံများ

ကျွမ်းပါ သဘိ
အရမ်းသာ မလန်းကြသေးတာ ..
အရမ်းစွာ၏
အစွမ်းသာ မရှိကြသေးတာ ..
အရမ်းမာ၏
အမြင့်သာ မရောက်ကြသေးတာ ..
အရမ်း ဝါ၏
အဆင့်သာ မရှိကြသေးတာ ..
အရမ်းခါ၏
ဒလကြမ်းသာ မချောကြသေးတာ..
ဒါဘဝတဲ့ ကဲ ဒီဇာတ်လမ်းမှာ ဘယ်သူတွေပါကြဦးမလဲ ..

အရိုးစွဲခြင်း

အတိတ်အတွက်
အရာရာနောက်ကျ
ဒါဏ်ရာ ဗလပွနဲ့ ငါ့ည
ပစ္စုပ္ပန် ကတော့အိပ်မောကျနေလေရဲ့
အနာဂါတ် ဆိုတဲ့ နိစ္စဒူဝ ယန္တယားထဲကနေ
ဖောက်ထွက်လို့ရရင်ဘယ်လောက်
ကောင်းလိုက်လေနော်
ငါဘယ်တော့ “လူ ပီသစွာ” နေထိုင်မှာလဲ ..
မင်းရော “လူ ပီသ”  ပြီးပြီလား ….
ဘာလဲ ထမင်းတစ်လုပ် ၊ ကျေးဇူးတစ်ခု
အသပြာတွေ အတွက် … မင်းတို့ ငါတို့
အဆိုးဆုံး ဖောက်ပြန်မှုုတွေဖြစ်ခဲ့ကြပြီ …
အလိမ်အညာတွေ ထွေရာလေးပါး
မကင်းနိုင်ကြတော့ဘူးလား. ..
မင်းရော ငါရော ဒီအမွေတွေအတိုင်း
အရိုးမစွဲပါရစေနဲ့ …..

မှတ်ချက်…   ဒီကဗျာလေးမှာ .. မင်းရော .. ငါရော .. ဟာ  ကျွန်တော်ကိုယ်တိုင်ပါပဲ …

လွင့်မြောတဲ့ညများ



အိပ်ရာမဲ့ ဝင်္ကဘာထဲ
အမြဲတမ်း ရုံးကန်ရင်း နလန်ထအောင်
ဘယ်လောက်လုပ်လုပ် ငါ့ဘဝက
စက်ရုပ်တစ်ခုလိုပဲ
အရိုးစွဲနေတဲ့ ညစ်ညမ်းပျင်းရိဖွယ်
ညဉ့်နက်တွေတိုင်းမှာ တည်ရာတစ်ခုကို
အာရုံစိုက် … ငိုက်မြည်းစရာမကောင်းလိုက်တာ
အားလုံးအိပ်ချိန်မှာ ငါမအိပ်ချင်သေးဘူး
စိတ်စေရာ လိုက်မျှော .. တစ်ခုပြီးတစ်ခု
နောက်တစ်ခုပြီးတစ်ခု .. ဘယ်အရာက
ငါ့ကိုအောင်မြင်စေမှာလဲ …

ပြန်လည်ကြိုလင့်ပါ



ဘယ်လောက်ပဲ ဝေးကွာ ဝေးကွာ ..

နှစ်တွေကြာခဲ့ပေမယ့် လွမ်းဆဲ

ပူလောင်အိုက်စပ်တဲ့ မီးခိုးများနဲ့ မြို့ပြမှာ

အခြေအနေအရ ဘဝလမ်းတွေလျှောက်နေပေမယ့်

အမြဲတမ်းလိုလို ပန်းတွေ လန်းနေတတ်တဲ့

ငါတို့မြို့ရဲ့ အေးချမ်းတဲ့ ရာသီဥတု..

တောင်ပေါ်သဘာဝ ကွေ့ကောက်တဲ့လမ်းကလေးတွေနဲ့

တောင်တန်းတွေတလျှောက် စီးမျှောရတာလေးတွေ

ရွာသွန်းလွန်းတဲ့ မိုးဥတုကို ကျော်လွန်ဘို့ ကြိုးစားနေကြတဲ့

တောင်နေကြာရိုင်းပင်တွေရေ

ငါ့ကိုတချိန်မှာ ပြန်လည်ကြိုလင့်နေကြပါ …

(ကျွန်တော်ချစ်တဲ့ ရာသီဥတုနဲ့ သန့်ရှင်းလှတဲ့ 
ကျွန်တော်တို့မိုးကုတ်မြို့အား ဒီကဗျာလေးနဲ့လွမ်းခွင့်ပြုပါ) ..

(မိုးကုတ်လူငယ် အတွက်ရေးထားတာလေးပါ .. တောင်ပေါ်မြို့လေးတွေမှာ နေခဲ့ဘူးသူများ ခံစားလို့ရမယ်ထင်ပါတယ်..)




မင်းအတွက်ငါ


စိတ်ညစ် မနေစမ်းနဲ့ အရာရာအောင်မြင်မှုတွေနဲ့အတူ
မင်းအတွက် ငါ ဖြစ်စေရမယ်…
နှလုံးသားနဲ့ ရင်းထားတဲ့ သံယောဇဉ်
ငါတို့ ကမ္ဘာပြိုတောင် ပျက်မသွားဘူး
မင်းလေးစိတ်ချပါ ….
မုန်တိုင်းထန်ရင် အံတုထား ..
မင်းအတွက် နွေးထွေးတဲ့ ရင်ခွင်ရှိသေးတယ်..
အရာမရောက်တဲ့ လေပူတွေ ဘယ်လောက်တိုက်တိုက်
ငါ မင်းကို တနေ့နေ့ တသက်စာ ပျော်ရွှင်စေခွင့်ရခဲ့ရင်..
ငါ …. ကျေနပ်တယ်….
မင်းတစ်သက်လုံး အေးအေးချမ်းချမ်း
ရှင်သန်သွားမယ်ဆို ..
ငါ … ဘာမဆိုစတေးပျော်တယ် ….

Saturday, May 16, 2009

အိပ်မက်ရှည် (by harmonious)

မရေရာတဲ့ငါ့ရဲ့အနာဂတ်ထဲမှာ
မင်းလမ်းပျောက်သွားမှာ
ငါအစိုးရိမ်ဆုံးပဲ.....
လင်းလက်တောက်ပတဲ့
မင်းအနာဂတ်ကိုလှမ်းမြင်နေရတာတောင်
ငါနေထိုင်တဲ့ ယိုင်နဲ့နဲ့ အချစ်သစ်ပင်အောက်မှာ
ငါ့ကိုအဖော်ပြုပေးရင်း
မင်းသွားရမယ့်လမ်း နေဝင်ချိန်ရောက်သွားမှာ
ငါစိုးရိမ်တယ်......
တို့နှစ်ယောက် အဲဒီ့အချစ်သစ်ပင်လေးအောက်မှာ
ဘယ်လောက်ကြာကြာနေထိုင်ခွင့်ရမှာလဲ...
မုန်တိုင်းဆိုတာရောက်လာခဲ့ရင်ရော
ငါတို့အချစ်သစ်ပင်အောက်မှာပဲပေကပ်နေရမလား ? ? ?
ထွက်ပြေးလို့ရော လွတ်မြောက်ခွင့်ရမှာလား ? ? ?
မုန်တိုင်းကြားမှာ တစ်ယောက်တစ်ကွဲစီ လွင့်ပါသွားမှာလား ? ? ?
ဒါမှမဟုတ်... အချစ်သစ်ပင်လေးပြိုလဲကျသွားခဲ့ရင်ရော
ငါတို့နှစ်ယောက်လုံး အဲဒီ့နေရာမှာပဲ သေဆုံးရမှာလား ? ? ?

မဖြစ်ပါရစေနဲ့.....
အချစ်သစ်ပင်လေးလည်း မလဲကျပါစေနဲ့...
မုန်တိုင်းတွေပြီးသွားရင်
တောက်ပတဲ့မင်းရဲ့အနာဂတ်လမ်းကိုလျှောက်တဲ့အခါ
ငါလဲမင်းရဲ့ဘေးမှာ နွေးထွေးတဲ့မင်းလက်ကိုတွဲပြီးလိုက်ခွင့်ရဖို့
မရဲတရဲနဲ့ အိပ်မက်တွေမက်နေတုန်းပဲ

Saturday, April 11, 2009

နှစ်သစ်ကူး

မွှေးပြန့်တဲ့ မြေသင်းရနံ့
မူးဝေရီရစ်မူး ကြည်နူးဖွယ်
နှစ်ကူးအခါသမယ
ရင်ခုန်သံတွေ စီရီနားထောင်
ရွှဲရွှဲစို ဘယ်လောက်ချမ်းနေပါစေ
ငါတို့တွေ....
နွေးထွေးနေမှာပဲနော်...
ဒီလိုနေ့လေးတွေ မင်းနဲ့ငါ
အနည်းဆုံးတစ်ရက်လောက်တော့
ကြုံချင်သေးတယ်...

Tuesday, February 3, 2009

အချစ်လက်ဆောင်

အသဲ ကွဲရင်ကွဲပါစေတော့
မင်းနှုတ်ခမ်းနဲ့ မင်းအနမ်းတွေကို
မျှော်လင့်ရင်း
အသက်ဆက်နေတဲ့ ငါဟာ သိုးမဲတစ်ကောင်ပါ
မင်းအတွက် ငါဟာ နေတစ်စင်းမဟုတ်ခဲ့ပေမယ့်
ကြယ်တစ်ကြွေစာ အလင်းရောင်လေး လောက်ဖြစ်ဖြစ်
လင်းခွင့်ရချင်သေးတယ်...

တစ်ခါတလေ
ဘဝကို
အချစ်တခုရယ်
ငါရယ် မင်းရယ် အတူတူ
ရိုးရှင်းစွာနဲ့
လိပ်လိုပဲ ဖြည်းဖြည်းလေး
ဖြတ်သန်းချင်မိတယ်..
မင်းနားတောင်ဖူးတဲ့
ငါ့ရင်ခုံသံ ဂီတအစစ်ကို မင်းယုံစမ်း...
မင်းအတွက် ငါ....
အလန်းဆန်းဆုံး
အချစ် လက်ဆောင်ဖြစ်ခွင့် ရခဲ့လို့ပေါ့....



Valentine's day 2009 အတွက်.. အမှတ်တရ .. ကြိုရေးမိတာပါ..

Saturday, January 31, 2009

မင်းနဲ့ငါ ( by harmonious)

ချစ်တယ် ဘာကြောင့်ချစ်လဲငါ့မှာအဖြေမရှိဘူး ဒါပေမဲ့ ငါသိပ်ချစ်တယ် 
အချစ်နဲ့ ငါ့ဘဝတစ်ခုလုံးလဲဆိုငါလဲလိုက်ချင်ပါတယ် 
မင်းသာတောင်းဆိုခဲ့ရင်ပေါ့ ဘာမဆိုငါဖြည့်ဆည်းပေးချင်ပါတယ်
 ငါ့မျက်ရည်တွေ မင်းအတွက်ပဲကျရမယ်
ငါ့အလွမ်းတွေ မင်းအတွက်ပဲဖြစ်ရမယ် 
ငါ့ဘဝကိုလည်း မင်းဆီမှာပဲအဆုံးသတ်ချင်တယ် 
ငါ့ရူးသွပ်မှုတွေကလည်းမင်းပဲ ငါ့ရဲ့အရာအားလုံးမင်းပဲစိုးမိုးထားတယ် 
ပင့်သက်ရှိုက်တဲ့အချိန်တိုင်း သက်ပြင်းချမိတဲ့အချိန်တိုင်း 
အိပ်ရာဝင်တိုင်း အိပ်ယာနိုးတိုင်း ငါ့သွေးတွေစီးဆင်းနေတဲ့အချိန်တိုင်းပေါ့
 ငါသိပ်မြတ်နိုးတယ် မင်းဆီမှာရှိတဲ့အရာအားလုံးကိုလေ 
မင်းအချစ်တွေကိုငါဘာနဲ့မှမလဲနိုင်ပါဘူး ငါ့အတွက်အဖိုးတန်တာဆိုလို့
 မင်းပေးတဲ့ချစ်ခြင်းတွေပဲရှိတာပါ ငါအသက်ဆက်ရှင်ချင်သေးတယ်
 မင်းချစ်ခြင်းတွေနဲ့ငါဆက်ရှင်သန်နေချင်ပါသေးတယ်

အချစ်ဒါဏ်

အသဲတောင်မြေခတော့မယ်ထင်တယ်.... 
နာစရာ ရင်ဘတ်တောင် မရှိတော့သလိုပါလား.. 
ငါ့အချစ်က ငါ့ကို ရိုက်တယ်..
 ပြင်းလိုက်တာ.. ဘာနဲ့မှ နှိုင်းလို့မရအောင်.. ပြင်းတယ်.. 
ရက်စက်လိုက်တာကွာလို့ ပြောမိပါတယ်.. အချစ်ကဘာပြန်ပြောတယ်ထင်လဲ.. 
"ဒါတောင်ဘာမှ မဟုတ်သေးဘူးနော်တဲ့.. အေး.. ငါဟာ .. အရူးအမူးချစ်တဲ့သူတွေအတွက် အားဆေးတစ်ခွက် ဖြစ်သလို အက်ဆစ်ထက်ပြင်းတဲ့ အဆိပ်တစ်ခွက်လဲဖြစ်တယ် ပြီးတော့ မင်းလို ခပ်နုံနုံ ထင်ရာစိုင်းတတ်တဲ့အကောင်တွေဆို ငါ့အကြိုက်ပေါ့ "...
အိပ်မပျော်တဲ့ညတစ်ည (၁၂:၄၅) ၃၁.၁.၂၀၀၉ 

Friday, January 30, 2009

အလောင်းအစား (by harmonious)

စိတ်ကူးယဉ်မှုတွေကို ပစ်ချ
အနာဂါတ်ကို ပုံဖော်
တစ်ခါတစ်ရံ အားငယ်တဲ့စိတ်ကို
စွန်ကြိုးထိပ်မှာတပ်လို့
ဟိုးအမြင့်ဆီ လွှတ်တင်....
မဝ့ံမရဲနဲ့ရှေ့ကို ဆက်လျောက်
တောက်လျှောက် လိုက်လာမယ့်အရိပ်တွေ
လေတချက်အဝှေ့ မှာပျောက်သွားအောင်
မင်းစကားတခွန်းနဲ့ ချွေးသိပ်...
တိတ်ဆိတ်နေရင် စိတ်မပူနဲ့
ရင်ထဲမှာ ပြည့်သိပ်နေတဲ့ ခံစားချက်တွေက
နှိပ်စက်နေအချိန်တိုင်း
ပြုံးခိုင်းရင် ပြုံးနေပါ့မယ်..
အရှုံးသမားတော့ မဖြစ်စေရဘူး...
အရူးအမူးဖြစ်တတ်တဲ့ အရွယ်
မဟုတ်တော့ပေမယ့်
ကမူးရှူးထိုး ထင်ရာစိုင်းချင်နေတာကို
အသိစိတ်နဲ့ ချွန်းအုပ်...
စုတ်ပြတ်မသွားစေရဘူး..
အထူးသဖြင့်
မင်းရဲ့ ဘဝ လှပနေစေချင်တာ
ငါ့ဆန္န
ရင်ကွဲရရင် ခံလိုက်ပါ့မယ်...
ဘယ်အခြေအနေရောက်ရောက်
ရင်မှာတစ်ယောက်တည်းသာ
ရှိတော့တာမို့
ဆိုးချင်သလောက် ဆိုးလိုက်စမ်း
ကဲ.. ကံကြမ္မာရေ..
မင်းနဲ့ငါ လောင်းလိုက်ကြစို့....