Friday, January 30, 2009

အလောင်းအစား (by harmonious)

စိတ်ကူးယဉ်မှုတွေကို ပစ်ချ
အနာဂါတ်ကို ပုံဖော်
တစ်ခါတစ်ရံ အားငယ်တဲ့စိတ်ကို
စွန်ကြိုးထိပ်မှာတပ်လို့
ဟိုးအမြင့်ဆီ လွှတ်တင်....
မဝ့ံမရဲနဲ့ရှေ့ကို ဆက်လျောက်
တောက်လျှောက် လိုက်လာမယ့်အရိပ်တွေ
လေတချက်အဝှေ့ မှာပျောက်သွားအောင်
မင်းစကားတခွန်းနဲ့ ချွေးသိပ်...
တိတ်ဆိတ်နေရင် စိတ်မပူနဲ့
ရင်ထဲမှာ ပြည့်သိပ်နေတဲ့ ခံစားချက်တွေက
နှိပ်စက်နေအချိန်တိုင်း
ပြုံးခိုင်းရင် ပြုံးနေပါ့မယ်..
အရှုံးသမားတော့ မဖြစ်စေရဘူး...
အရူးအမူးဖြစ်တတ်တဲ့ အရွယ်
မဟုတ်တော့ပေမယ့်
ကမူးရှူးထိုး ထင်ရာစိုင်းချင်နေတာကို
အသိစိတ်နဲ့ ချွန်းအုပ်...
စုတ်ပြတ်မသွားစေရဘူး..
အထူးသဖြင့်
မင်းရဲ့ ဘဝ လှပနေစေချင်တာ
ငါ့ဆန္န
ရင်ကွဲရရင် ခံလိုက်ပါ့မယ်...
ဘယ်အခြေအနေရောက်ရောက်
ရင်မှာတစ်ယောက်တည်းသာ
ရှိတော့တာမို့
ဆိုးချင်သလောက် ဆိုးလိုက်စမ်း
ကဲ.. ကံကြမ္မာရေ..
မင်းနဲ့ငါ လောင်းလိုက်ကြစို့....

1 ယောက်အကြံပေးပါတယ်..:

ဖိုးဖိုး
ကဗျာလေးကအလောင်းအစားမဆန်ပါလား
ခံစားရတာအသစ်ဖြစ်လို့အားပေးနေမယ်နော်