အရူးတစ်ယောက်ရဲ့ည

အိမ်ပြန်ချိန် လမ်းကလေးရဲ့ည မဲပေါက်သွားတဲ့ အရူးတစ်ယောက်လေ လမ်းပေါ်မှာပျော်လို့....

ထာ၀ရ

ချစ်သူ.. ငါတို့ရှေ့မှာ မိုးရွာမယ်၊ လေထန်မယ်၊ တို့မီးရှို့မီးတွေငြိမ်းသက်ရမယ်....

လွင့်မျောတဲ့ညများ

အိပ်ရာမဲ့ ဝင်္ကဘာထဲ အမြဲတမ်း ရုံးကန်ရင်း နလန်ထအောင် ဘယ်လောက်လုပ်လုပ် ငါ့ဘဝက စက်ရုပ်တစ်ခုလိုပဲ...

နာ

အစာလွန် အိပ်မက်တွေ ကိုယ်ပိုင် နှစ်သိမ့်မျက်ရည်များနဲ့ ယောင်ဝါး နေ့ရှည်ရှည် အတ္တိသရ လွန်နေကြတဲ့ လူကြွားတွေရဲ့ ဘဝနဲ့ချီတဲ့ အဓိပ္ပါယ်မဲ့ ပျက်လုံးတွေ…

အချစ်လက်ဆောင်

အသဲ ကွဲရင်ကွဲပါစေတော့ မင်းနှုတ်ခမ်းနဲ့ မင်းအနမ်းတွေကို မျှော်လင့်ရင်း အသက်ဆက်နေတဲ့ ငါဟာ သိုးမဲတစ်ကောင်ပါ မင်းအတွက် ငါဟာ နေတစ်စင်းမဟုတ်ခဲ့ပေမယ့် ကြယ်တစ်ကြွေစာ အလင်းရောင်လေး လောက်ဖြစ်ဖြစ် လင်းခွင့်ရချင်သေးတယ်...

Wednesday, December 31, 2008

လက်ဆောင် ၂၀၀၉

လက်ဆောင် ၂၀၀၉ နှစ်သစ်ကို ရောက်ပီနော်... ငါတို့ အပျော်ရွှင်ဆုံးဖြစ်အောင် ဆုတောင်းကြပါစို့... ဘဝအမောတွေလည်း များပီ.... မဆုံးနိုင်တဲ့ တဒင်္ဂ အခါးတွေ.. အမြန်ဆုံး ချိုမြိန်ပါစေ.... လွမ်းမောစရာ မနက်ဖန်တွေကို ခပ်ကြမ်းကြမ်း တွန်းလှန်ကြတာပေါ့.... ငါ့တို့ မျှော်လင့်ချက် ရောင်နီကို နှစ်သစ်မနက်ခင်းနဲ့အတူ .. အားဖြည့်ထားလိုက်မယ်.. အရာရာအောင်မြင်ကြစို့...
ကျွန်တော်ချစ်သောသူများ အားလုံးကို ဒီပိုစ်အသစ်လေးနဲ့ ... နှစ်သစ်လက်ဆောင်ပေးခွင့်ပြုပါ..

Tuesday, December 30, 2008

တဆစ်ဆစ်နဲ့ ကဗျာတစ်ပုဒ်

တဆစ်ဆစ်နဲ့ ကဗျာတစ်ပုဒ် ရူးမတတ်ချစ်ခဲ့တယ်.. နှလုံးသားတွေကြွေတော့မတတ်ပဲ...
 ငါ့အသိတွေ ဘာတွေနဲ့ ပိတ်ဖုံးနေလဲ... ငါ့မျှော်လင့်ချက်တွေ ဘယ်ဆီမှာလဲ... 
ငါ့ လမ်းတွေမှုံဝါးနေပီလား... ငါ့ကိုယ်ငါတောင် မသိချင်တော့ဘူး... 
ငါ့လမ်းလည်းမှောင်လို့ ... တဆစ်ဆစ်နဲ့ .... ည ကဗျာပေါ့... 
ခိုလှုံရာမဲ့တဲ့ ငါ့ရင်ခွင်လေ... ဘယ်သူက ဘယ်လောက် အလေးအနက်ထားမှာလဲ..... 
ငါနားလည်သလို လူတွေဘာလို့နားလည်မပေးချင်ကြတာလဲ... တဆစ်ဆစ်နဲ့ .. ငါ့ ကဗျာပေါ့..
အချစ်က ငါ့ကို ရူးသွပ်နေခဲ့တော့တဲ့ ... ဘယ်သူကများ ငါ့လောက်ချစ်နိုင်မှာလဲ... 
ဘယ်သူကများ င့ါကိုတန်ဖိုးထားခဲ့လို့လဲ.. စကားတစ်ခွန်းကို ဘာလို့ တန်ဖိုးမထားကြတာလဲ ..
 ငါ့မျက်ရည် အစစ်ကို ဘယ်သူကူသုတ်ပေးမှာလဲ.. 
တစ်ဆစ်ဆစ်နဲ့... ငါ့ ကဗျာလေ..

Thursday, November 6, 2008

သို့ ...မှ - ချစ်သူသိပါစေ (by harmonious)

သုိ႔ .......မွ (by harmonious)
ခံစားချက်တွေ ပြင်းထန် မီးလျှံလို ပေါက်ကွဲ
သူ့ အသည်း အဲလောက်မာလား
ငါမသိခဲ့လို့ပါ....
သူ့အဖို့ ငါဟာဘာလဲ သာယာရုံသက်သက်လား
မနှိပ်စက်သင့်ဘူး ခုလိုမျိုး
တစ်ခုခုလွဲနေတဲ့ ငါ့အပေါ်ကို
အပျော်သဘောတော့ မလုပ်ပါနဲ့....
ရှုပ်တယ်လို့ နင်သတ်မှတ်ရင်
ခပ်ပြတ်ပြတ်ပဲ ပြောလိုက်ပေါ့
အလိုက်အထိုက်ဆိုတာ မကောင်းဘူး....
ဟောင်းနေတဲ့ နှလုံးသားနဲ့ ငါ့မှာ
ပြစရာက ရင်ခွင်ဗလာပဲ
လာခြင်းမကောင်းတဲ့ အဖြစ်တွေက
အပြစ်ဆိုတဲ့ စကားလုံးနဲ့ပဲ တန်တယ်...
မှန်တယ်လို့ ဇွတ်အားတင်းထားလဲ
စကားတွေက မရေမရာ မသေချာတဲ့ အနာဂတ်တစ်ခုနဲ့
ဟတ်ထိုးလဲကျခါနီး ငါ့ကို အပူမီးတွေငြိမ်းသတ်
ပိန်းပိတ်အောင် မှောင်နေတဲ့လမ်းကို

စမ်းတဝါးမဖြစ်စေဖို့
မင်းအချစ်နဲ့ လမ်းပြမပေးနိုင်ရင်တောင်
ရင်ခုန်သံ အစစ်တစ်ချက်လောက်တော့ ကြားခွင့်ပြု....
အခုလိုရှိနေပေမယ့်လို့ နဲ့တဲ့တဲ့ ငါနှလုံးသားရဲ့ အဝေးကို သွားတဲ့အခါ
တားခွင့် မရှိတာ သိပြီးသား....
ခုသိရှိထားတဲ့ နားလည်မှုတွေက
အပြုသဘောဆောင်မှာလား ထားလိုက်ပါတော့....
အတုဆိုရင် ခုတည်းက ငဲ့ညှာတဲ့ အနေနဲ့
တည့်တည့်သာပြောလိုက်ပါ....
ငါဟာ မင်းအတွက် တစ်ချိန်မှာ ဟာသ မဖြစ်ချင်ဘူး....
ဘာလို့လဲဆိုတော့ ငါ့နှလုံးသားက
ခံနိုင်ရည်တွေ ကုန်ခမ်းလုနီးပါးဖြစ်နေလို့
စို့နေတဲ့မျက်ရည်တွေကို မင်းမမြင်အောင်
ရင်ခွင်တစ်နေရာမှာ လှောင်ထားလိုက်မယ်
သေချာအောင် မင်းငါ့ကို တစ်ခုခုပြော....

...................................................

ချစ်သူသိပါစေ

ညနေပိုင်း နာရီတွေက ငါ့ကိုခြောက်လှန့်
ရင်ခွင်ကို အပိုင်းပိုင်းဖြတ်နေသလိုပဲ....
ငါ့ပျော်ရွှင်မှု ပုံမှန်ချိန်တွေကို
တစ်စစ ဖျက်ဆီး ငါ့ကိုယ်ငါတောင် မသိတော့ဘူး

ဒီလိုချိန်တွေကို ငါကျော်လို့ရချင်တယ်
မိုးချုပ်မယ့် အချိန်တွေ အပါအဝင်ပေါ့
နောက်နေ့တွေလဲ ဒီလိုပဲလား
ငါ့ရင်မှာ လောင်ကျွမ်းနေပြီ....

ချစ်တဲ့သစ်ပင်

သစ်ပင်ရေ.... ငါ့ဘဝက နွေမကဘူး ဒါတောင် ငါ့နှလုံးသွေးတွေနဲ့ အရိုးသားဆုံး မင်းကို လန်းဆန်းခွင့်တွေ ဆောင်ကြဉ်း ပေးစေခဲ့တာပါ.... 
သစ်ပင်ရေ.... မင်းနဲ့ ပျော်ရွှင်စရာ နေ့ရက်တွေကို ငါတို့အတူ ဖန်တီးခွင့်ရတာ ကျေးဇူးတင်ပါတယ်.... ငါတို့ကို ဘဝက ဘယ်ချိန်ထိများ ပျော်ရွှင်ခွင့်တွေ ဆက်ပေးဦးမှာလဲ....
သစ်ပင်ရေ.... ငါအဲ့သြ ကြည်နူးမိလေရဲ့ အချစ်က ဆေးစွမ်းတစ်လက်လို အရာရာကို ကုစားပြောင်းလဲလို့ ရတယ်ဆိုတာ.... မင်းငါ့ကို ပေးသိတယ်လေ.... 
သစ်ပင်ရေ.... မင်းဟာ ငါ့အတွက် ဟုတ်သည်ဖြစ်စေ မဟုတ်သည်ဖြစ်စေ ငါ စောင့်ရှောက်ချင်သေးတယ်... ရင်ခုန်သံတွေ ရပ်တဲ့အထိပေါ့.... 
သစ်ပင်ရေ.... ငါ့အတွက် အသီးအပွင့်တွေ မဝေဆာရင်နေပါ မင်းဆက်လက် စိမ်းလန်းနေရမယ်နော်.... ဒါဟာ ငါ့ အတ္တပေါ့ ပြီးတော့ ငါ့အချစ်တွေ မြေမခ သရွေ့ ပေါ့ 

စိတ်ကူးနှင့် လက်တွေ့ဝေး

စိတ်ကူး ရင်ခုန်သံကို မျက်ကွယ်ပြုရတာ ပင်ပန်းတယ်ကွာ.... 
ဖြစ်နိုင်ရင် နှလုံးသားရဲ့ ဆန္နတွေအတိုင်း ငါတို့ အဝေဆုံးကို ခြေဆန့်လိုက်ချင်ရဲ့..... 
ပျော်ရွှင်ချမ်းမြေ့မှု အတိပြီးတဲ့ ဘဝတွေနဲ့ စီးမျောလိုက်ချင်တယ် ငါတို့.....
လက်တွေ့ ရင်ခုန်သံကို မျက်ကွယ်ပြုရတာ ပင်ပန်းတယ်ကွာ.... 
ဖြစ်နိုင်ရင် နှလုံးသားရဲ့ ဆန္နကို ဆန့်ကျင်ပြီး အဝေးဆုံးကို ခြေဆန့်လိုက်ချင်ရဲ့ 
ငါ့ဘဝ စုပ်ပျက်သွားပါစေ..... အလွမ်း အဆွေးတွေနဲ့ပဲ ဘဝကို စတေးလိုက်ချင်တော့တယ်.... 
မင်းကိုလည်း ဘဝကြမ်းကြမ်းကို မခေါ်ရက်ဘူး

Thursday, October 16, 2008

ကိုယ်ပိုင် လောင်ကျွမ်းခြင်း

ကိုယ်ပိုင် လောင်ကျွမ်းခြင်း (၁၄၁၀၀၈-၂၄၀၀)
ကန့်သတ်မဲ့ အချိန်တွေဝါးမျို သံယောဇဉ် ဓါးတစ်ချောင်း နှလုံသားတွေမှာ တစ်ဆစ်ဆစ်နစ်မြုပ်.... လက်တွေတောင် တုန်ရီနေသတဲ့.... အဲဒီညမှာလဲ လမင်းကမလင်းခဲ့ပါဘူး... လက်ခနဲ ကြည့်တဲ့အကြည့် ငါသိခဲ့သလိုပဲ .... သွေးမရှိတဲ့ နှလုံးသားကို ခပ်ကြမ်းကြမ်း နွေးထွေးစေတယ်လေ.... အပြင်မှာတော့ .. ငါ့ရာသီဥတုက ပုံမှန်လိုပါဘဲ နင်မသိအောင် ရင်ခုန်မယ်... .........................
စိတ်ကူးအိပ်မက် (၁၃၁၀၀၈-၀၅၃၀) ငါဟာ ပိုးစုန်းကြူး တစ်ကောင်ပေါ့ အလင်းရောင်က မှိန်ပျပျပါ.... ဒါပေမယ့် လမင်း မလင်းတဲ့ ညတစ်ညအတွက်တော့ ငါဟာ မင်းအတွက် အလင်းရောင်ပါ.... 
မင်းရော ဘယ်လိုလဲ ? အငဲပြောတဲ့ ကြာဖြူလား နွံအိုင်လား.... 
ငါ .... ၀ါးတစ်ပင် နွယ်တစ်ချောင်းလောက် အသုံးဝင်ချင် သေးတယ်.

Sunday, October 12, 2008

ရေခဲချောင်း (သို့) I love ice cream (by harmonious)

ငါသိပ်ကြိုက်တဲ့ရေခဲချောင်းလေး
ကုန်သွားမှာစိုးလို့တစ်ကိုက်ပဲကိုက်တာ
ပြုတ်ကျသွားလို့မစားရတော့ဘူး....

ငါသိပ်ကြိုက်တဲ့ရေခဲချောင်းလေး
လည်ချောင်းနာတာတောင်စားတုန်းပဲ
ရေခဲချောင်းမှမစားရရင်သေသွားနိုင်တယ်.....

ငါသိပ်ကြိုက်တဲ့ရေခဲချောင်းလေး
မတည့်လဲထပ်စားဦးမှာပဲ
ပြီးမှဆရာဝန်ဆေးထိုးလဲခံလိုက်မယ်.....

ငါသိပ်ကြိုက်တဲ့ရေခဲချောင်းလေး
သူ့ကိုဝယ်ကြွေးဖူးတယ်
သူလဲတစ်ကိုက်ပဲကိုက်ရသေးတယ်
ပြုတ်ကျသွားလို့မစားရတော့ဘူး....

Monday, October 6, 2008

အိပ်မက်သာဖြစ်ပါတော့


လွမ်းစရာ့ မနက်ဖန်တွေ
ရှတတ
အကြည့်မှာပြို.....
 ကြည်နူးစွာ ရင်ခုန်ဆဲ
အတွေးများနဲ့ ငါ့မနက်ဖန်
ရံဖန်ရံခါ အသက်ရှူမှား......


ငါ့အအချစ်ကိုငါမျိုချ
ဘဝဆိုတာဘာလဲ.....
အတ္တလား၊ ဘောင်လား၊ ကန္နားလား
လွတ်လပ်ခွင့်လား........

အချစ်ကရောဘာတွေလဲ
ပေးဆပ်မှလား
ရယူမှလား..
မပေးဆပ်ဘဲ
မယူလို့မရဘူးလား......

အလွမ်းကရောဘယ်လိုလဲ
လွတ်လပ်မှုနဲ့
ဆောင်ကြဉ်းခွင့်
ပေးမှာလား

ဒီဥပဒေသတွေနဲ့
ငါ့အခန်းကို တခါးပိတ်
အိပ်မက်သာဖြစ်လိုက်ပါတော့.....

Monday, September 29, 2008

Fiction (by harmonious)

I can't stand anymore Somebody be ahead your sweet sounding words ..... 
I want to cry every night Coz you tie my heart very tight .... 
I really don't know how to do Am I running & let you go ....
 Pls, take me far far away I want to be with you everyday ..

နှုတ်မရတဲ့ဆူး (by harmonious)

ဖြစ်ချင်တာရယ်ဖြစ်သင့်တာရယ်

ဘယ်တစ်ခုမှာ ငါစီးမျောရမလဲ…….

မရင့်ကျက်သေးတဲ့နှလုံးသားရယ် မတည်ငြိမ်တဲ့စိတ်ရယ်

ဘယ်အရာကများ ထိန်းချုပ်ပေးမှာလဲ………

အိပ်မရတဲ့ညရယ် ရေးဖြစ်တဲ့ကဗျာရယ်

ကဗျာထဲမှာ မင်းရောက်နှင့်နေတယ်……….

ငါဟာမင်းရဲ့ဒဏ်ရာ ငါဟာမင်းရဲ့နာကျင်မှု

ဂျူးရေးတဲ့စကားလုံးတွေက ငါ့ကိုထိရှစေခဲ့ပြီး

ငါ့ကိုယ်ငါဆူးတစ်ချောင်းလို့ထင်မိသွားပြီ…..

အဲဒီဆူးရဲ့အဆုံးသတ်က ဘယ်လိုဖြစ်မှာလဲဆိုတာ

ငါကိုယ်တိုင်က ပရိတ်သတ်ဖြစ်နေတော့……..








152(B).0140


ကျေးဇူးတွေ ကုဋေကုဠာ မကတဲ့
အဖေနဲ့ အမေကတော့ အသုံးမကျတဲ့ ကျွန်တော့်
ဦးနှောက်တစ်ခုကို ဖန်ဆင်းမိတယ်.....

အနမ်းတွေ ဝေဆာတဲ့ နှုတ်ခမ်းတစ်စုံက
လွမ်းဆွေးမှု တပုံတခေါင်းပါတဲ့ ဖိနပ်တစ်ရံပေး
ဘဝလမ်း ကြမ်းကြမ်းပေါ် ပြေးဖြစ်အောင်ဖန်ဆင်းတယ်...


အရမ်းကို မရေရာတဲ့ ငါ့ဘဝကို
ကံကြမ္မာဆိုတဲ့အကောင်က ဒလိမ့်ကောက်ကွေး
ဖြစ်အောင် ဖန်ဆင်းတယ်.....


အဖေနဲ့အမေရေ ... တုနှိုင်းလို့မရတဲ့
မေတ္တာတော်တွေနဲ့ အသုံးမကျတဲ့ ဒီဦးနှောက်ကို
သန့်စင်ပေးပါလား ....
သားရူးမတတ်ဖြစ်နေလို့.....

နှုတ်ခမ်းတစ်စုံရေ.....
အလွမ်းတွေ အပြည့်နဲ့ ငါဆက်ပြေးနေရဦးမယ်..
နင်ပေးတဲ့ ဖိနပ်နဲ့ပေါ့...
ငါအရမ်းမောနေပြီ.....

ကဲ... ကြမ္မာဆိုတဲ့အကောင် ...
နင့်ဖန်ဆင်းမှုတွေကို ငါ့အသိငါ့ခွန်အားနဲ့
လိုက်လျှောက်မယ်
ခုငါ့မှာခွန်အားမဲ့နေတယ် .....


အဖေနဲ့အမေ ...
ချီးမြှင့်မယ့် ခွန်အားတွေနဲ့အတူ
ကံကြမ္မာကို အနိုင်ယူ အောင်မြင်မှုတွေဆောင်ကြဉ်းပြီး
သားပြန်လာမယ်....
ဖေနဲ့မေ .. ဂုဏ်ယူပါ...


နှုတ်ခမ်းတစ်စုံရေ ...
ကြမ္မာဆိုတာ
အကောင်း အဆိုး တစ်ပတ်လည်တယ်တဲ့
အဲဒီအချိန် အကောင်းဆုံးတွေတစ်ပုံတစ်ပင်ပွေ့ပိုက်နဲ့
မင်းရှေ့မှာပန်းဝင်မယ် ....
ကျေးဇူးပြုပြီး ကြိုလင့်ပါ....



Friday, September 5, 2008

သူများ tag ခိုင်းလို့ tag ရပါသည်

ကိုယ့်နာမည်***** ဖိုးဖိုး


ကိုယ့်ကို သူငယ်ချင်းတွေကဒီလိုခေါ်တယ် ***** ကိုဖိုးဖိုး


ချစ်သူကတော့ဒီလိုခေါ်သည် ***** ကိုကိုတဲ့ ဟီး..(အတည်းယား၏)


ဒီမှာနေတယ်***** မြန်မာပြည်


ကိုယ့်ဆီဖုန်းဆက်ချင်ရင်*****၁၉၉ ကိုသာခေါ်လိုက်


(ကိုယ့်ရဲ့အကြိုက်ဆုံးတွေက)


အရောင်ဆိုရင် အဖြူရောင်၊ အစိမ်းရောင် (ယောကျ်ားတန်မဲ့)


အဝတ်အစားဆိုရင် လွတ်လွတ် လပ်လပ် ပေါ့ပေါ့ပါးပါး ရှိတဲ့ အဝတ်အစား


(စွတ်ကျယ်လိိုမျိုး)


အစားအစာဆိုရင် - စားလို့ရတာ အကုန်စား.. (ငတ်တယ်လို့မထင်နဲ့)


ပစ္စည်းဆိုရင် - တန်ဖိုးရှိတာလေး..(စျေးကြီးတာမဟုတ်ဘူးနော်)


သီချင်းဆိုရင် - Rap Metal (တောသားလေ..ဒါပဲကြိုက်တယ်)


စာရေးဆရာ - အကုန်ကြိုက် (စာပါပြီးရော)


Life style - ပေါ့ပေါ့ပါးပါနေချင်တယ် (ပေါ့ပေါ့နေပေါ့ပေါစား)


ကိုယ့်ရဲ့ဝါသနာ - ကွန်ပျူတာ..အင်တာနက်..ဂိမ်း (သုံးမိရင်မထချင်တော့ဘူး)


အားကစား- ဘက်စကတ်ဘော..ဘောလုံး..ကျန်တာနဲနဲ..


အလိုချင်ဆုံးလက်ဆောင် - မိဘကိုမြန်မြန်လုပ်ကျွေးခွင့်


ကိုယ့်ရဲ့ အချစ်ဆုံးသူက - မိဘတွေ


ကိုယ့်ရဲ့ အလေးစားဆုံးသူက - ဖေဖေနဲ့မေမေ


ကိုယ့်ရဲ့ အခင်ဆုံးသူငယ်ချင်းက - သူငယ်ချင်းအားလုံး တူတူဘဲ


ကိုယ့်ကို အများဆုံးနားလည်မှုပေးနိုင်သူက - ကျွန်တော့ကိုယ်ကျွန်တော်တောင် နားမလည်သေးဘူး


ကိုယ့်ရဲ့ အမုန်းဆုံးသူက - အရမ်းစကားများသူ


ရင်အခုန်ဆုံးအချိန် - ချစ်သူနဲ့ …. +++++ ဟိပြောဝူး


အပျော်ဆုံးအချိန် - မေမေမုန့်ဖိုးပေးချိန်..


အမှတ်တရနေ့ - ကောင်းကောင်းမမှတ်မိပါ


ဆုတောင်းတိုင်းသာပြည့်မယ်ဆိုရင် - အားလုံးကိုဆုတောင်းပစ်မယ်..


အချစ်ဆိုတာ - ပထမ ရင်ခုန်၏ ၊ ဒုတိယ ငွေကုန်၏ ၊ တတိယ စိတ်ကုန်၏


အမုန်းဆိုတာ - အာဃာတ နဲ့ မရှေးမနှောင်းပဲ


အလွမ်းဆိုတာ - တစ်ယောက်နဲ့တစ်ယောက်ေဝေးရင်သိမယ်ထင်တယ်..


သံယောဇဉ်ဆိုတာ- အရစ်ရှည်တယ်..


ဘဝဆိုတာ - ဝေ၀ါးဆဲ


သူငယ်ချင်းကောင်းဆိုတာ - မကောင်းတာရော..ကောင်းတာရော..


ချစ်သူဆိုတာ - ရင်တမမနဲ့စောင့်ကြည့်နေရသူ


ကိုယ့်ကိုယ်ကိုဒီလိုထင်တယ် - အလေအပေ (ခြေကျင်ကောင်)


ကိုယ့်ရဲ့လက်ဆွဲဆောင်ပုဒ်က- ဆောင်ပုဒ်တွေမကြိုက်လို့..အလုပ်မလုပ်ချင်ဘူး


အပြောချင်ဆုံးစကားတစ်ခွန်း - သင့်ကြောင့်.. မီးမလောင်ပါစေနဲ့

Sunday, July 27, 2008

အချစ်/အပြစ်


*နဂိုကတည်းက ယိုင်နဲ့နဲ့ ငါ့ရင်ခွင်
ရုတ်တရက် ခုန်ဝင်ပြီး
ငါ့နှလုံးသားကို ဇောက်ထိုးဆွဲ
ပြီးတော့....
အချစ်တွေကို ဖောက်ချ
နောက်လူမရအောင်တဲ့လေ....


*ဒီလိုနဲ့....
ငါ့နှလုံးသွေးတွေ တစက်စက်နစ်
အချစ် ... အချစ်နဲ့ ခေါင်းစဉ်တပ်
ဘဝတစ်ခုလုံးကို ပေကျံအောင်
နင်ဖန်ဆင်း..
အတင်းကျေနပ်မိတဲ့ငါ
မပြည့်စုံမှန်း နင်သိတော့
နင်ဘာပြောမလဲသိလား ???????




Friday, January 4, 2008

ငယ်သူငယ်ချင်း ငထိပ်ရဲ့ အမှတ်တရ ကဗျာများ

အနှိုင်းမဲ့ မေတ္တာရှင်


¤ အမေ.... အတုမဲ့မေတ္တာတော် အနှိုင်းမဲ့ချစ်ခြင်းနဲ့ ¤ အမေ.... တောင်ပံတစ်စုံ ရင်မှာယှက်လို့ ဝဠာသစ်ဆီပျံသန်းပါပေါ့လား.... တောင်ပံတွေ ပြင်းပြင်းခတ်လို့ ဆုတောင်းခြင်း ဘုံသစ်ဆီ တက်တစ်စုံနဲ့ ရွက်ကုန်ဖွင့် အောင်မြင်ခြင်းအတွက် ပျော်ရွှင်ပါရစေ အမေ....


* * * * * * *

ဥခွံထဲမှ ပုံဆောင်ခဲများ



¤ ကမ္ဘာမြေကို ဦးညွှတ် အောက်ခြေလွတ်နေတဲ့ ပန်းတစ်ပွင့်ရယ်... ¤ ငါရယ်.... လွမ်းဆွတ်ခြင်း ဝတ်ရုံရယ်.... အာဒမ်မသိလိုက်တဲ့ ကြိုးတွေရယ်.... ¤ ဧဒင်ထဲက ဦးနှောက်ရယ်.... အဖရိုဒိုက်ရဲ့ နှလုံးသားရယ်.... ပြီးတော့ ကဗျာ တစ်ပုဒ်ရယ်.... ¤ အားလုံး.... သူ့နေရာနဲ့သူပါပဲဲ...


* * * * * * *



နပိုလီယံလို ပြုံးချင်တဲ့ငှက်



¤ အခြားငှက်တွေ လွတ်လပ်စွာပျံဝဲ တောင်ပံအစွန်းမှာ အပြုံးတွေ ယီးလေးခို..... ¤ ငါ့မှာတော့ အမှောင်ကိုဝိုးတဝါးတိုးဝင် သောကကိုအထုပ်ဖြေစားသောက် အသက်ရှူမဝ ရက်စွဲတွေ ဘယ်တော့များဆုံးပါ့မလဲ.... ¤ ရောင်နီရေ.... လှမ်းခဲ့တော့ ငါ့နှုတ်ခမ်းတွေ ပြုံးချင်လှပြီ နပိုလီယံရဲ့ အပြုးံနဲ့လေ....


* * * * * * *


ကျိန်စာသင့်သူ



¤ ပွင့်ဖူးစနှလုံးသားကို အပြုံးများနဲ့ ရင်ခုန်အောင် အချိန်မတန် နင်လာရှုပ် အဟုတ်မှတ်လို့ ခေါင်းငြိမ့်မိတဲ့ငါရယ်.... ¤ ကကြိုးစေရာလွင့်မျော.... ဘဝအမောတွေလည်း များပြီ လွတ်လပ်မဲ့တဲ့ဘဝ ခဏများ တွေ့မလားလို့ အပြုံးတွေ ပြေးထွက်ပြန်တော့ အရှုံးတဖက်မှာ မျက်နက်ဝန်းတွေလေ.... ¤ နင်နှိပ်စက်လို့ နွမ်းဖတ်နေတဲ့ နှလုံးသား နလံမထူခင် ထပ်မနှိပ်စက်ဖို့ အိပ်ပျက်ညတွေမှာ ဆုတောင်း အကောင်းတိုင်းပြန်ဖြစ် အသစ်အသစ်တွေမှာ ပျော်ရွှင် ငါ့နှလုံးသား သြော်.... ကျိန်စာတွေမသင့်စေနဲ့တော့....

* * * * * * *