Friday, January 4, 2008

ငယ်သူငယ်ချင်း ငထိပ်ရဲ့ အမှတ်တရ ကဗျာများ

အနှိုင်းမဲ့ မေတ္တာရှင်


¤ အမေ.... အတုမဲ့မေတ္တာတော် အနှိုင်းမဲ့ချစ်ခြင်းနဲ့ ¤ အမေ.... တောင်ပံတစ်စုံ ရင်မှာယှက်လို့ ဝဠာသစ်ဆီပျံသန်းပါပေါ့လား.... တောင်ပံတွေ ပြင်းပြင်းခတ်လို့ ဆုတောင်းခြင်း ဘုံသစ်ဆီ တက်တစ်စုံနဲ့ ရွက်ကုန်ဖွင့် အောင်မြင်ခြင်းအတွက် ပျော်ရွှင်ပါရစေ အမေ....


* * * * * * *

ဥခွံထဲမှ ပုံဆောင်ခဲများ



¤ ကမ္ဘာမြေကို ဦးညွှတ် အောက်ခြေလွတ်နေတဲ့ ပန်းတစ်ပွင့်ရယ်... ¤ ငါရယ်.... လွမ်းဆွတ်ခြင်း ဝတ်ရုံရယ်.... အာဒမ်မသိလိုက်တဲ့ ကြိုးတွေရယ်.... ¤ ဧဒင်ထဲက ဦးနှောက်ရယ်.... အဖရိုဒိုက်ရဲ့ နှလုံးသားရယ်.... ပြီးတော့ ကဗျာ တစ်ပုဒ်ရယ်.... ¤ အားလုံး.... သူ့နေရာနဲ့သူပါပဲဲ...


* * * * * * *



နပိုလီယံလို ပြုံးချင်တဲ့ငှက်



¤ အခြားငှက်တွေ လွတ်လပ်စွာပျံဝဲ တောင်ပံအစွန်းမှာ အပြုံးတွေ ယီးလေးခို..... ¤ ငါ့မှာတော့ အမှောင်ကိုဝိုးတဝါးတိုးဝင် သောကကိုအထုပ်ဖြေစားသောက် အသက်ရှူမဝ ရက်စွဲတွေ ဘယ်တော့များဆုံးပါ့မလဲ.... ¤ ရောင်နီရေ.... လှမ်းခဲ့တော့ ငါ့နှုတ်ခမ်းတွေ ပြုံးချင်လှပြီ နပိုလီယံရဲ့ အပြုးံနဲ့လေ....


* * * * * * *


ကျိန်စာသင့်သူ



¤ ပွင့်ဖူးစနှလုံးသားကို အပြုံးများနဲ့ ရင်ခုန်အောင် အချိန်မတန် နင်လာရှုပ် အဟုတ်မှတ်လို့ ခေါင်းငြိမ့်မိတဲ့ငါရယ်.... ¤ ကကြိုးစေရာလွင့်မျော.... ဘဝအမောတွေလည်း များပြီ လွတ်လပ်မဲ့တဲ့ဘဝ ခဏများ တွေ့မလားလို့ အပြုံးတွေ ပြေးထွက်ပြန်တော့ အရှုံးတဖက်မှာ မျက်နက်ဝန်းတွေလေ.... ¤ နင်နှိပ်စက်လို့ နွမ်းဖတ်နေတဲ့ နှလုံးသား နလံမထူခင် ထပ်မနှိပ်စက်ဖို့ အိပ်ပျက်ညတွေမှာ ဆုတောင်း အကောင်းတိုင်းပြန်ဖြစ် အသစ်အသစ်တွေမှာ ပျော်ရွှင် ငါ့နှလုံးသား သြော်.... ကျိန်စာတွေမသင့်စေနဲ့တော့....

* * * * * * *

0 ယောက်အကြံပေးပါတယ်..: