Thursday, November 6, 2008

ချစ်တဲ့သစ်ပင်

သစ်ပင်ရေ.... ငါ့ဘဝက နွေမကဘူး ဒါတောင် ငါ့နှလုံးသွေးတွေနဲ့ အရိုးသားဆုံး မင်းကို လန်းဆန်းခွင့်တွေ ဆောင်ကြဉ်း ပေးစေခဲ့တာပါ.... 
သစ်ပင်ရေ.... မင်းနဲ့ ပျော်ရွှင်စရာ နေ့ရက်တွေကို ငါတို့အတူ ဖန်တီးခွင့်ရတာ ကျေးဇူးတင်ပါတယ်.... ငါတို့ကို ဘဝက ဘယ်ချိန်ထိများ ပျော်ရွှင်ခွင့်တွေ ဆက်ပေးဦးမှာလဲ....
သစ်ပင်ရေ.... ငါအဲ့သြ ကြည်နူးမိလေရဲ့ အချစ်က ဆေးစွမ်းတစ်လက်လို အရာရာကို ကုစားပြောင်းလဲလို့ ရတယ်ဆိုတာ.... မင်းငါ့ကို ပေးသိတယ်လေ.... 
သစ်ပင်ရေ.... မင်းဟာ ငါ့အတွက် ဟုတ်သည်ဖြစ်စေ မဟုတ်သည်ဖြစ်စေ ငါ စောင့်ရှောက်ချင်သေးတယ်... ရင်ခုန်သံတွေ ရပ်တဲ့အထိပေါ့.... 
သစ်ပင်ရေ.... ငါ့အတွက် အသီးအပွင့်တွေ မဝေဆာရင်နေပါ မင်းဆက်လက် စိမ်းလန်းနေရမယ်နော်.... ဒါဟာ ငါ့ အတ္တပေါ့ ပြီးတော့ ငါ့အချစ်တွေ မြေမခ သရွေ့ ပေါ့ 

2 ယောက်အကြံပေးပါတယ်..:

Infinity မှာဆုံခွင့်ရှိတာပေါ့ ဟုတ်တယ်... အရမ်းကောင်းတဲ့ အရေးအသားပါပဲရှင်

အရမ်းကောင်းတဲ့ ကဗျာလေး နှစ်ပုဒ်ပါပဲရှင်.. Infinity ကိုတော့ ပိုကြိုက်တယ်