ကျေးဇူးတွေ ကုဋေကုဠာ မကတဲ့
အဖေနဲ့ အမေကတော့ အသုံးမကျတဲ့ ကျွန်တော့်
ဦးနှောက်တစ်ခုကို ဖန်ဆင်းမိတယ်.....
အနမ်းတွေ ဝေဆာတဲ့ နှုတ်ခမ်းတစ်စုံက
လွမ်းဆွေးမှု တပုံတခေါင်းပါတဲ့ ဖိနပ်တစ်ရံပေး
ဘဝလမ်း ကြမ်းကြမ်းပေါ် ပြေးဖြစ်အောင်ဖန်ဆင်းတယ်...
အရမ်းကို မရေရာတဲ့ ငါ့ဘဝကို
ကံကြမ္မာဆိုတဲ့အကောင်က ဒလိမ့်ကောက်ကွေး
ဖြစ်အောင် ဖန်ဆင်းတယ်.....
အဖေနဲ့အမေရေ ... တုနှိုင်းလို့မရတဲ့
မေတ္တာတော်တွေနဲ့ အသုံးမကျတဲ့ ဒီဦးနှောက်ကို
သန့်စင်ပေးပါလား ....
သားရူးမတတ်ဖြစ်နေလို့.....
နှုတ်ခမ်းတစ်စုံရေ.....
အလွမ်းတွေ အပြည့်နဲ့ ငါဆက်ပြေးနေရဦးမယ်..
နင်ပေးတဲ့ ဖိနပ်နဲ့ပေါ့...
ငါအရမ်းမောနေပြီ.....
ကဲ... ကြမ္မာဆိုတဲ့အကောင် ...
နင့်ဖန်ဆင်းမှုတွေကို ငါ့အသိငါ့ခွန်အားနဲ့
လိုက်လျှောက်မယ်
ခုငါ့မှာခွန်အားမဲ့နေတယ် .....
အဖေနဲ့အမေ ...
ချီးမြှင့်မယ့် ခွန်အားတွေနဲ့အတူ
ကံကြမ္မာကို အနိုင်ယူ အောင်မြင်မှုတွေဆောင်ကြဉ်းပြီး
သားပြန်လာမယ်....
ဖေနဲ့မေ .. ဂုဏ်ယူပါ...
နှုတ်ခမ်းတစ်စုံရေ ...
ကြမ္မာဆိုတာ
အကောင်း အဆိုး တစ်ပတ်လည်တယ်တဲ့
အဲဒီအချိန် အကောင်းဆုံးတွေတစ်ပုံတစ်ပင်ပွေ့ပိုက်နဲ့
မင်းရှေ့မှာပန်းဝင်မယ် ....
ကျေးဇူးပြုပြီး ကြိုလင့်ပါ....
1 ယောက်အကြံပေးပါတယ်..:
အဖေနဲ့အမေ ...
သားပြန်လာမယ်....
ဖေနဲ့မေ .. ဂုဏ်ယူပါ...
နှုတ်ခမ်းတစ်စုံရေ ...
ကြမ္မာဆိုတာ
စာပုဒ်နှစ်ပုဒ် ကို ကြည့်လိုက်ရင်ပဲ မိဘနဲ့ ချစ်သူကို တိုင်တည် ခံစားထားတဲ့
နှစ်သက်ဖွယ်ကဗျာလေးဖြစ်လာပါတယ်---
ဆက်ရေးပါ--အနုပညာအားတွေ တွေ့နေရပါတယ်---
ခင်မင်လျက်
မသက်ဇင်
Post a Comment