အရူးတစ်ယောက်ရဲ့ည

အိမ်ပြန်ချိန် လမ်းကလေးရဲ့ည မဲပေါက်သွားတဲ့ အရူးတစ်ယောက်လေ လမ်းပေါ်မှာပျော်လို့....

ထာ၀ရ

ချစ်သူ.. ငါတို့ရှေ့မှာ မိုးရွာမယ်၊ လေထန်မယ်၊ တို့မီးရှို့မီးတွေငြိမ်းသက်ရမယ်....

လွင့်မျောတဲ့ညများ

အိပ်ရာမဲ့ ဝင်္ကဘာထဲ အမြဲတမ်း ရုံးကန်ရင်း နလန်ထအောင် ဘယ်လောက်လုပ်လုပ် ငါ့ဘဝက စက်ရုပ်တစ်ခုလိုပဲ...

နာ

အစာလွန် အိပ်မက်တွေ ကိုယ်ပိုင် နှစ်သိမ့်မျက်ရည်များနဲ့ ယောင်ဝါး နေ့ရှည်ရှည် အတ္တိသရ လွန်နေကြတဲ့ လူကြွားတွေရဲ့ ဘဝနဲ့ချီတဲ့ အဓိပ္ပါယ်မဲ့ ပျက်လုံးတွေ…

အချစ်လက်ဆောင်

အသဲ ကွဲရင်ကွဲပါစေတော့ မင်းနှုတ်ခမ်းနဲ့ မင်းအနမ်းတွေကို မျှော်လင့်ရင်း အသက်ဆက်နေတဲ့ ငါဟာ သိုးမဲတစ်ကောင်ပါ မင်းအတွက် ငါဟာ နေတစ်စင်းမဟုတ်ခဲ့ပေမယ့် ကြယ်တစ်ကြွေစာ အလင်းရောင်လေး လောက်ဖြစ်ဖြစ် လင်းခွင့်ရချင်သေးတယ်...

Tuesday, March 21, 2023

အရူးတစ်ယောက်ရဲ့ ည (by harmonious)

 

အိမ်ပြန်ချိန် လမ်းကလေးရဲ့ည

မဲပေါက်သွားတဲ့ အရူးတစ်ယောက်လေ

လမ်းပေါ်မှာပျော်လို့....


သူပြောချင်ရာတွေပြောရင်းသွားလိုက်တာ

သူ့ဟာသူတောင်ဘယ်ရောက်မှန်းမသိဘူး....


အဲဒီ့ညကကောင်းကင်မှာလတော့ရှိနေတယ်

ဒါပေမဲ့မမြင်ရဘူး တိမ်ဖုံးနေလို့လေ...


ဒါပေမဲ့သူကတော့ပျော်နေလိုက်တာ

အင်းလေ ပျော်ရှာမှာပေါ့ ပျော်ပါစေလေ

အဲဒီ့ညကကြယ်တွေမစုံတာသူမသိဘူး....


ညလေညှင်းတွေကြားမှာ

တစ်ယောက်တည်းကြည်နူးနေတဲ့

မဲပေါက်သွားတဲ့အရူးတစ်ယောက်လေ......

ကျူရှင် (by harmonious)

 ချစ်သူ.......အချစ်ဆိုတာဘာလဲ....

ငါငယ်ငယ်ကသင်ခဲ့ဖူးတယ်.....ဒါပေမဲ့နားမလည်ဘူး.....

အခုငါ့ကိုပြန်ရှင်းပြပေးပါလား....ငါကနဲနဲတော့ဒုံးဝေးတယ်....


ချစ်သူ......အမုန်းဆိုတာဘာလဲ....

ငါသင်ခန်းစာတွေမလိုက်နိုင်လို့......အဲဒါလည်းမရှင်းဘူး...

အားရင်ပြောပြပေးပါဦး...မသင်ပေးနိုင်လဲရတယ်နော်.....


ချစ်သူ.....သစ္စာဆိုတာကရောဟင်...

သူများတွေသိပ်ပြောကြတဲ့အပုဒ်ပေါ့....

ဒါပေမဲ့ဘယ်စာမျက်နှာမှာပါတာလဲ...ငါမသိဘူးဖြစ်နေတယ်....


ချစ်သူ....စွဲလမ်းမှုတဲ့...

ဒီတစ်ခုတော့စိတ်ဝင်စားသလိုပဲ.....ဒါပေမဲ့ဉာဏ်သိပ်မကောင်းလို့...

ရှင်းပြပေးပါဦး......


ချစ်သူ...ငါတို့ကျောင်းမှာသင်တာတွေအများကြီးပဲ...

ဒါပေမဲ့ဘယ်တစ်ခုမှငါအခုထိမကြေညက်ခဲ့သေးဘူး...


ချစ်သူ...မင်းရှင်းပြပေးမယ်ဆိုရင်...

မီးအိမ်ကလေးဖြစ်ဖြစ်ယူလာခဲ့ပေးနော်....

ငါ့အခန်းကအရမ်းမှောင်တယ်....


ချစ်သူ....နောက်ဆုံးတောင်းပန်ချင်တာက...

ငါကထုံထုံထိုင်းထိုင်းမို့ အချိန်ယူပြီး စိတ်ရှည်ပေးပါလို့....

အလွမ်းကဗျာ (by harmonious)

 သူကငါ့ကို မေးဖူးတယ် သူမဟုတ်တဲ့သူ့ကို လွမ်းသလားတဲ့ ငါပြန်ဖြေလိုက်တယ်..

 " -- " လို့ အဲဒီတုန်းက သူရယ်တယ်လေ.... အခု ငါကသူ့ကို ပြန်မေးကြည့်ချင်တယ် 

ငါမဟုတ်တဲ့ ငါ့ကို လွမ်းသလားလို့

 " -- " လို့ သူပြန်ဖြေရင် သူ့တုန်းကလို ငါရယ်နိုင်မှာလား....

Infinity (Endless Distance) (by harmonious)

 သိပ်ချစ်တယ်.... လို့ ပြောချင်လဲ ချစ်ခွင့်မကြုံ မဆုံနိုင်တဲ့ ဒီဘဝမှာ အသာအယာ သိမ်းဆည်းထား.... 

ဒါပေမယ့် ငါ့အပြုံး ငါ့မျက်လုံးမှာ မင်းတွေ့ မှာပါ မင်းအပြုံး မင်းမျက်လုံးမှာလဲ ငါတွေ့ထားတယ်.... 

တို့နှစ်ယောက်ရဲ့ နားလည်မှု အပြန်အလှန် ဖေးကူရင်းနဲ့ ရှေ့ ကိုဆက်သွားကြမယ်....

 အချစ်ကို အချစ်လို့ပဲ မှတ်လိုက်ပါ ဘာအရောင်မှ မဆိုးနဲ့ ဒီလိုဆို တို့နှစ်ယောက်သက်သာမယ်....

 တစ်ခါတစ်ရံ တောင့်တမိတယ် မင်းရဲ့့ ကြင်နာမှုနဲ့ ရင်ခုန်သံကို ဒါဆို အိမ်မက်ထဲမင်းလာခဲ့ ငါရင်ခုန်စွာ စောင့်ကြိုမယ်.... 

တို့ နှစ်ယောက်ရဲ့ ပန်းတိုင်က Infinity မှာရှိနေတယ် အဲဒါကို စိတ်ကူးထဲကနေ အရောက်သွားကြမယ်....

 မင်းလိုက်မှာလား ငါ့ရဲ့ လက်ကိုဆုတ်ကိုင်ပြီး ဒါမှမဟုတ် မင်းရဲ့ လက်ကို ငါက ဆုတ်ကိုင်ပြီးတော့ပေါ့.... 

မင်းစိတ်ကူးကြည့်လိုက်စမ်း Infinity မှာ တို့နှစ်ယောက် အတူရှိနေတယ် အဲဒီမှာဆို မင်း အခုမပြောဖြစ်တဲ့ စကား ပြောဖြစ်မှာလား သိမ်းထားမှာလား....

 Infinity ကို အရောက်သွားနိုင်ခဲ့ရင်တော့ ငါတို့ တောင့်တဖူးတဲ့ အရာတွေကို ပိုင်ဆိုင်နိုင်လိမ့်မယ်လို့ မင်းတွေးကြည့်ဖူးလား ချစ်သူ....



Thursday, July 4, 2019

Worry နှင့် ဝါဒီ

ငါ အဆိုးမြင်ဝါဒီဆိုတဲ့ ခေါင်းစဉ်အောက်မှာ အားလုံး
ခဝါချ လုံးပါးပါးရမယ်လား
ငါ အောင်မြင်တာကို မလိုချင်တဲ့ ငပျင်းတစ်ယောက်လို အကြည့်ခံရတာ ကို ခံစားပြီး လုံးပါးပါးရမယ်လား
ငါ က မျက်လုံးတွေကို သိပ်ဖတ်တတ်တယ် စကားလုံးတွေရဲ့ နောက်က စိတ်ကို သိပ်နားလည် တတ်တယ်ဆိုတာ သိလာတဲ့ တနေ့
အဟတ် §ဂရုမစိုက်ဘူးဆိုတဲ့ ဖာသိဖာသာ အတိတ်တွေမှာ လူ့ကျင့်ဝတ်တွေကို နားလည်တဲ့သူတွေရဲ့ ရင်ထဲက ငိုညည်းသံတွေရှိတယ်
ဉာဏ်နဲ့ယှဉ်ပြီး အသံ နဲ့ ကြိုး ကိုက်ညီချင်သေးတယ်ဆိုရင် ရင်ဘတ်ထဲက ကြိုးတွေကို ညှိကြတာပေါ့
ဒါက ဘဝတခုဆိုရင်တော့ သိပ်စောလွန်းနေမလားပဲ
တွန်းအားတခုက အကျိုးသက်ရောက်မှာတော့ သေချာတယ်
တနင့်တပိုး မြိုချထားခဲ့ရတဲ့ ပေါက်ခါနီး ဗုံးသီးတွေ မအံထွက်ပါစေနဲ့ ငါဆုတောင်းမိတယ်
ဒါကို ဒေါသလို့ သတ်မှတ်မယ်ဆို welcome ပါ.

***ကဗျာ မရေးရတာကြာပြီဗျာ ခံစားချက်မဲ့နေတာ ကြာပြီ ကုန်ကြမ်းပေးကြတဲ့ ပုဂ္ဂိုလ် များ ကျေးဇူးပါ ကဗျာတပုတ်လောက် အန် ကျ သွားတော့ နေရတာနည်းနည်း ပေါ့သွားသလိုပဲ ***

12:16AM 4thJuly18  ML ဆော့ပြီးရေးသည် 😁


ဥာဏ်နဲ့ယှဉ်ပြီး အသံ နဲ့ ကြိုး ကိုက်ညီချင်သေးတယ်ဆိုရင် ရင်ဘတ်ထဲက ကြိုးတွေကို ညှိကြတာပေါ့



Friday, June 24, 2016

ကိုယ်စား (by harmonious)

မလူးသာမလွန့်သာခံစား
ဒီရင်ဝေဒနာတွေကြားမှာ
ဆွံ့အမြိုသိပ်တိတ်ဆိတ်နေရုံ....
.
ဒေါသကိုအဖေါ်ပြု မောဟကိုတွဲကူလို့
ေ၀ဝါးငါ့နေ့ညများ တစစကုန်ဆုံးလွန်.....
ရင်ခွင်တစ်စုံလုံး ဆုတ်ဖြဲလွှင့်ပစ်
အသက်ဝိဉာဉ်လဲ ခုတ်လှဲပစ်ချင်ရဲ့....
ဒါပေမယ့်... ငါချစ်တဲ့မင်း
ဘဝခရီးကြမ်းလှမ်းစဉ်
ခလုပ်မထိဆူးမငြိဖို့
ရှေ့မှာရင်ကော့ ခေါင်းကိုမော့ကာ
လာသမျှဒဏ် ဆည်းကြိုခံမယ်....
ငါ့ရင်ခွင်နွေး မင်းမှေးစက်ဖို့
ငါအားအင်ဖြည့် စွမ်းအင်သစ်နဲ့
မင်းလက်ကိုဆွဲ မြဲမြဲတွဲလို့
ဝေဒနာတွေလွှင့်ပစ်....
ချစ်တဲ့စိတ်နဲ့ ရှေ့ဆက်လှမ်းရွယ်
မောင်ဖေးကူမယ် ချစ်သူရယ်.....



မလူးသာမလွန့်သာခံစား
.
အသက်ဝိဥာဉ်လဲ ခုတ်လှဲပစ်ချင်ရဲ့....
ဘ၀ခရီးကြမ်းလှမ်းစဉ်
ခလုပ်မထိဆူးမငြိဖို့
ဝေဒနာတွေလွှင့်ပစ်....

ချစ်သူ့ကျောပြင် (by harmonious )

မောင့်ကျောပြင်လေး နောက်ကျောကနေ ရပ်ကြည့်နေမိတယ်
ရင်ထဲမှာဖြစ်လာတဲ့ခံစားချက်ကတစ်
မျိုးတစ်ဘာသာ....
ငယ်ငယ်တုန်းက အမေအလုပ်သွားရင်
အမေ့ကျောပြင်ကိုကြည့်ပြီးခံစားရတဲ့ဝေဒနာမျိုး....
ဝမ်းနည်းတာလား အားငယ်တာလား
ဒါမှမဟုတ် အဲဒီ့ကျောပြင်လေးကိုကြည့်ပြီး
သနားတာလား ဝေခွဲမရဘူး
ရင်ထဲမှဆို့နင့်နေတာတော့အသေအချာပဲ.....
မလင်းတစ်လင်း မမှောင်တစ်မှောင်နဲ့
လမ်းမပေါ်တစ်နေရာကနေ ငေးမောကြည့်ရင်း
ကျွန်မရင်တွေလည်းမောလာတယ်....
မောင့်အတွက်ချစ်ခြင်းမေတ္တာတွေ
အတိုင်းအဆမဲ့ပေးချင်တယ်....
ခွန်အားတွေ နွေးထွေးမှုတွေ
ကြင်နာယုယခြင်းတွေ
တစ်ပွေ့တစ်ပိုက်သယ်ဆောင်ပြီး
မောင့်ရင်ခွင်ထဲကိုပြေးဝင်လာခဲ့ချင်တယ်....
မောင်အားငယ်တိုင်း အားပေးခွင့်
မောင်လဲကျတိုင်း ထူမခွင့်
မောင်လိုအပ်ချိန်တိုင်း လိုအပ်သမျှ
ဖြည့်ဆည်းပေးနိုင်ခွင့်
အဲဒီ့အခွင့်တွေကျွန်မကိုပေးသနားပါလို့
ဆုတောင်းရင်းနဲ့ အဲ့ဒီ့ညမှာကျွန်မအိပ်ပျော်သွားခဲ့တယ်
သန်းခေါင်ကျော် ညလယ်ယံမှာပေါ့.....


(မနေ့ညက မောင့်နောက်ကျောကို ငေးကြည့်ရင်း ခံစားလာရတာတွေလေ
ခုကဗျာရေးနေရင်းနဲ့ မ ငိုမိသေးတယ်.. တစ်ကယ်ခံစားရတယ်မောင်ရယ်...
မောင့်ကိုချစ်တာရော သနားတာရော အစုံပဲ... တစ်နေ့ထက်တစ်နေ့ပိုပြီး
မောင့်အပေါ်ထားတဲ့ မ ခံစားချက်တွေ တိုးတိုးသာလာတယ် လျော့သွားဖို့မရှိပါဘူး
..)


Thursday, January 12, 2012

ကျွန်တော်၏ စက်ရုပ် မနက်ခင်းများ


နံနက်မှောင်ရီလင်းစ

ပြူးပြဲထခါ

နိစ္စဓူဝ နေ့စဉ်ဘဝ ပြန်စလေပြီ

ခွန်ဆယ့်ငါးတောင််ရှိပါပေါ့လား..

ရေအိမ်ကိုကြွ မှန်ကိုပြလဲ

မျက်ခွံတွေများ ဆယ့်လေးငါးရက်

အစာငတ်သည့် လင်းဒငယ်ပမာ

အခါခါပြုတ်ကျ ဒီနေ့ငါ့မနက်အစပေါ့..

မျက်နှာကိုသစ် သွားကိုခြစ်

ကိုယ်ဝတ်အကျႌ ကောက်ခါစွတ်တည်း

နာရီကြည့်ခါ ခြေအိတ်ရှာသည်

ခုနစ်နာရီခွဲပြီပဲ..

ပြူးခါပြာခါ အိတ်ကိုရှာပြီး

အိမ်သော့အတွဲ ကောက်ခါဆွဲလျက်

ဖိနပ်အိုထဲ ခြေထောက်ဝင်စေ..

တံခါးကိုဖွင့် အပြင်းနှင်သည်

တောအုပ် (Woodlands) ခေါ်သည် MRT(ဘူတာ)သို့

ချစ်သူလက်ကိုဆွဲလို့ပေါ့ ..




စာမရေးဖြစ်တာကြာပါပြီ ရေးချင်စိတ်ပေါက်လာတာနဲ့ ကျွန်တော်နေ့စဉ် (အထူးသဖြင့်မနက်ပိုင်းတွေ )  ဖြတ်သန်း ရတဲ့ အကြောင်းလေးကို အမှတ်တရ အဖြစ်ကဗျာစပ်ကြည့် လိုက်တယ်.(ကျွန်တော့်အချစ် ထည့်ပေးတဲ့ ထမင်းဘူးတို့ ပေါင်မုန့်ချိစ်ညှပ် လေးတွေကိုတော့ ဒီကဗျာ မနက်ခင်းတွေအတွက် စိတ် မကောင်းစွာနဲ့ ချန်ခဲ့ရပါတယ်..ချစ်သူနားလည်ပေးပါနော်) အာရုံရတဲ့အခါ ဆက်ပါဦးမည်..

 




Friday, December 2, 2011

ဘယ်လိုဖြစ်ဖြစ်


အသက်ရှူမဝတဲ့ နေ့စွဲတွေ
ကုန်ဆုံးတော့မှာပါ ချစ်သူ
တစ်ဒင်္ဂ ခဏလေးတော့
ငါနဲ့ အတူ ဆက်လက်ရှင်သန်ပေးပါ ....

*ဒီမွန်းကြပ်မှု ခဏကို
ငါတို့နှစ်ယောက်ရဲ့
အချစ်ခွန်အားနဲ့
အနာဂတ်ကို တွန်းလှန်ရိုက်ချိုးမယ် ချစ်သူ ....
ရှေ့ မှာ ပန်းတွေ ဆူးတွေ ချောက်ကမ်းပါးတွေ အပြည့်ပဲ
ဒါပေမယ့် ငါတို့ လုပ်နိုင်မှာပါ ဘယ်လိုပဲဖြစ်ဖြစ်ပေါ့ .....
ငါတို့လုပ်နိုင်မှာပါ....



Thursday, November 24, 2011

ထာဝရ


ချစ်သူ..
ငါတို့ရှေ့မှာ မိုးရွာမယ်၊ လေထန်မယ်၊ တို့မီးရှို့မီးတွေငြိမ်းသက်ရမယ်..
အနာဂတ်မှာ မနက်စာဆိုတာခပ်ပါးပါးလဲဖြစ်ချင်ဖြစ်မယ်..
အလင်းတစက် အမှောင်တစ်ဝက် လဲလာချင်လာလိမ့်မယ်..
တသက်စာအချစ်လေ… ငါတိုဘဝတွေမှာ ထာဝစဉ် ကိန်းဝတ်နေဘို့ပဲလိုတယ်..
ကျန်တာတွေ ခပ်ပါးပါးပဲ..

ချစ်သူ..
တခြားလူတွေ ဘယ်လိုလဲမသိဘူး..
နားလည်မှုဆိုတာ နားလည်ပေးတဲ့သူတွေအတွက်ပဲ တန်ဘိုးရှိတာပါ..
မင်းနဲ့ငါ  ထာဝရ တန်ဘိုးရှိဘို့ပဲ လိုအပ်တယ်…


(စာမရေးဖြစ်တာလဲကြာပြီမို့ ကဗျာလေးတင်ဖြစ်ပါတယ်.. လာဖတ်ဖြစ်တဲ့သူတွေကို အထူးကျးဇူးတင်ပါတယ်.. )

Wednesday, July 28, 2010

လွမ်းခန်း


ဆို့နင့်စွာ ခံစားတိုင်း
ငါ့မျက်ဝန်းတွေ နွေးထွေးစွတ်စို…
အရာရာ သိုဝှက် နောက်ရက် ဆိုတာမသေချာပေမယ့် ..
လက်ရှိကပို မျိုသိပ် နှုတ်ဆိတ်နေရုံ..
အရိုးစူးသလို ငါ့အချစ်က မျိုလေနာလေပဲ …
လွမ်းခန်း တသသနဲ့
နေမင်းနှုတ်ဆက်ချိန် ညရီရောမှာ
ငါကိုယ်တိုင် က နေရတဲ့
ဝေဝါး ကြမ်းရှရှ ဇါတ်ခုံလား
ချစ်သူရေ …. မျှော်လင့်တိုင်းပြည့်စုံပါစေသား …..









နာ



အစာလွန် အိပ်မက်တွေ
ကိုယ်ပိုင်
နှစ်သိမ့်မျက်ရည်များနဲ့
ယောင်ဝါး နေ့ရှည်ရှည်
အတ္တိသရ လွန်နေကြတဲ့
လူကြွားတွေရဲ့
ဘဝနဲ့ချီတဲ့ အဓိပ္ပါယ်မဲ့ ပျက်လုံးတွေ…
ခေါင်းစဉ်လွဲနေတဲ့ သြဝါဒတွေ…
တကယ်တော့ သူတို့ သိတဲ့ဘဝက
ငါ့အတွက် ဟာသမြောက်ပါတယ်..
ဒီမြွတ်ကြားမှုတွေ အောက်မှာပဲ…
တစ်ထပ်ပြီး တစ်ထပ် ရစ်ပတ်နေတဲ့
သံယောဇဉ်နဲ့ အကြွေးတွေပေါ့
ငါဗိုက်နာနေတုန်းပဲ

အသံ ( by harmonious)


အသံတစ်သံကြားနေရတယ်….
ဦးနှောက်ထဲမှာဝီခေါ်အောင်မြည်နေတဲ့အသံ
ဦးခေါင်းတစ်ခုလုံးပေါက်ထွက်သွားတော့မတတ်ပဲ
နားပိတ်ထားလည်းကြားနေရတယ်
ဘယ်နေရာကိုပဲရွှေ့ရွှေ့အသံကလိုက်လာတယ်
အဲဒီ့အသံကိုမုန်းလွန်းလို့မကြားချင်တော့ဘူး
အဲဒီ့အသံရပ်ပါစေလို့ဆုတောင်းပြီးရင်းတောင်းနေရတယ်
တစ်ချက်တစ်ချက်တိုးသွားတယ်
အသံပျောက်သွားပြီထင်လို့ပျော်နေတုန်းပြန်ကျယ်လာပြန်တယ်
တော်ပါတော့….. တောင်းပန်ပါတယ်…..
ဟော…..
ရုတ်တရက်ဆိုသလိုအဲဒီ့အသံပျောက်သွားတယ်
ခဏလေးနားစိုက်ထောင်ကြည့်လိုက်သေးတယ်
အသံတစ်ကယ်ပျောက်သွားတယ်
အား…ကောင်းလိုက်တာ….
နားကိုချမ်းသာသွားတာပဲ
ခုမှပဲအေးအေးချမ်းချမ်းအိပ်ရတော့မယ်