အရူးတစ်ယောက်ရဲ့ည

အိမ်ပြန်ချိန် လမ်းကလေးရဲ့ည မဲပေါက်သွားတဲ့ အရူးတစ်ယောက်လေ လမ်းပေါ်မှာပျော်လို့....

ထာ၀ရ

ချစ်သူ.. ငါတို့ရှေ့မှာ မိုးရွာမယ်၊ လေထန်မယ်၊ တို့မီးရှို့မီးတွေငြိမ်းသက်ရမယ်....

လွင့်မျောတဲ့ညများ

အိပ်ရာမဲ့ ဝင်္ကဘာထဲ အမြဲတမ်း ရုံးကန်ရင်း နလန်ထအောင် ဘယ်လောက်လုပ်လုပ် ငါ့ဘဝက စက်ရုပ်တစ်ခုလိုပဲ...

နာ

အစာလွန် အိပ်မက်တွေ ကိုယ်ပိုင် နှစ်သိမ့်မျက်ရည်များနဲ့ ယောင်ဝါး နေ့ရှည်ရှည် အတ္တိသရ လွန်နေကြတဲ့ လူကြွားတွေရဲ့ ဘဝနဲ့ချီတဲ့ အဓိပ္ပါယ်မဲ့ ပျက်လုံးတွေ…

အချစ်လက်ဆောင်

အသဲ ကွဲရင်ကွဲပါစေတော့ မင်းနှုတ်ခမ်းနဲ့ မင်းအနမ်းတွေကို မျှော်လင့်ရင်း အသက်ဆက်နေတဲ့ ငါဟာ သိုးမဲတစ်ကောင်ပါ မင်းအတွက် ငါဟာ နေတစ်စင်းမဟုတ်ခဲ့ပေမယ့် ကြယ်တစ်ကြွေစာ အလင်းရောင်လေး လောက်ဖြစ်ဖြစ် လင်းခွင့်ရချင်သေးတယ်...

Tuesday, February 3, 2009

အချစ်လက်ဆောင်

အသဲ ကွဲရင်ကွဲပါစေတော့
မင်းနှုတ်ခမ်းနဲ့ မင်းအနမ်းတွေကို
မျှော်လင့်ရင်း
အသက်ဆက်နေတဲ့ ငါဟာ သိုးမဲတစ်ကောင်ပါ
မင်းအတွက် ငါဟာ နေတစ်စင်းမဟုတ်ခဲ့ပေမယ့်
ကြယ်တစ်ကြွေစာ အလင်းရောင်လေး လောက်ဖြစ်ဖြစ်
လင်းခွင့်ရချင်သေးတယ်...

တစ်ခါတလေ
ဘဝကို
အချစ်တခုရယ်
ငါရယ် မင်းရယ် အတူတူ
ရိုးရှင်းစွာနဲ့
လိပ်လိုပဲ ဖြည်းဖြည်းလေး
ဖြတ်သန်းချင်မိတယ်..
မင်းနားတောင်ဖူးတဲ့
ငါ့ရင်ခုံသံ ဂီတအစစ်ကို မင်းယုံစမ်း...
မင်းအတွက် ငါ....
အလန်းဆန်းဆုံး
အချစ် လက်ဆောင်ဖြစ်ခွင့် ရခဲ့လို့ပေါ့....



Valentine's day 2009 အတွက်.. အမှတ်တရ .. ကြိုရေးမိတာပါ..

Saturday, January 31, 2009

မင်းနဲ့ငါ ( by harmonious)

ချစ်တယ် ဘာကြောင့်ချစ်လဲငါ့မှာအဖြေမရှိဘူး ဒါပေမဲ့ ငါသိပ်ချစ်တယ် 
အချစ်နဲ့ ငါ့ဘဝတစ်ခုလုံးလဲဆိုငါလဲလိုက်ချင်ပါတယ် 
မင်းသာတောင်းဆိုခဲ့ရင်ပေါ့ ဘာမဆိုငါဖြည့်ဆည်းပေးချင်ပါတယ်
 ငါ့မျက်ရည်တွေ မင်းအတွက်ပဲကျရမယ်
ငါ့အလွမ်းတွေ မင်းအတွက်ပဲဖြစ်ရမယ် 
ငါ့ဘဝကိုလည်း မင်းဆီမှာပဲအဆုံးသတ်ချင်တယ် 
ငါ့ရူးသွပ်မှုတွေကလည်းမင်းပဲ ငါ့ရဲ့အရာအားလုံးမင်းပဲစိုးမိုးထားတယ် 
ပင့်သက်ရှိုက်တဲ့အချိန်တိုင်း သက်ပြင်းချမိတဲ့အချိန်တိုင်း 
အိပ်ရာဝင်တိုင်း အိပ်ယာနိုးတိုင်း ငါ့သွေးတွေစီးဆင်းနေတဲ့အချိန်တိုင်းပေါ့
 ငါသိပ်မြတ်နိုးတယ် မင်းဆီမှာရှိတဲ့အရာအားလုံးကိုလေ 
မင်းအချစ်တွေကိုငါဘာနဲ့မှမလဲနိုင်ပါဘူး ငါ့အတွက်အဖိုးတန်တာဆိုလို့
 မင်းပေးတဲ့ချစ်ခြင်းတွေပဲရှိတာပါ ငါအသက်ဆက်ရှင်ချင်သေးတယ်
 မင်းချစ်ခြင်းတွေနဲ့ငါဆက်ရှင်သန်နေချင်ပါသေးတယ်

အချစ်ဒါဏ်

အသဲတောင်မြေခတော့မယ်ထင်တယ်.... 
နာစရာ ရင်ဘတ်တောင် မရှိတော့သလိုပါလား.. 
ငါ့အချစ်က ငါ့ကို ရိုက်တယ်..
 ပြင်းလိုက်တာ.. ဘာနဲ့မှ နှိုင်းလို့မရအောင်.. ပြင်းတယ်.. 
ရက်စက်လိုက်တာကွာလို့ ပြောမိပါတယ်.. အချစ်ကဘာပြန်ပြောတယ်ထင်လဲ.. 
"ဒါတောင်ဘာမှ မဟုတ်သေးဘူးနော်တဲ့.. အေး.. ငါဟာ .. အရူးအမူးချစ်တဲ့သူတွေအတွက် အားဆေးတစ်ခွက် ဖြစ်သလို အက်ဆစ်ထက်ပြင်းတဲ့ အဆိပ်တစ်ခွက်လဲဖြစ်တယ် ပြီးတော့ မင်းလို ခပ်နုံနုံ ထင်ရာစိုင်းတတ်တဲ့အကောင်တွေဆို ငါ့အကြိုက်ပေါ့ "...
အိပ်မပျော်တဲ့ညတစ်ည (၁၂:၄၅) ၃၁.၁.၂၀၀၉ 

Friday, January 30, 2009

အလောင်းအစား (by harmonious)

စိတ်ကူးယဉ်မှုတွေကို ပစ်ချ
အနာဂါတ်ကို ပုံဖော်
တစ်ခါတစ်ရံ အားငယ်တဲ့စိတ်ကို
စွန်ကြိုးထိပ်မှာတပ်လို့
ဟိုးအမြင့်ဆီ လွှတ်တင်....
မဝ့ံမရဲနဲ့ရှေ့ကို ဆက်လျောက်
တောက်လျှောက် လိုက်လာမယ့်အရိပ်တွေ
လေတချက်အဝှေ့ မှာပျောက်သွားအောင်
မင်းစကားတခွန်းနဲ့ ချွေးသိပ်...
တိတ်ဆိတ်နေရင် စိတ်မပူနဲ့
ရင်ထဲမှာ ပြည့်သိပ်နေတဲ့ ခံစားချက်တွေက
နှိပ်စက်နေအချိန်တိုင်း
ပြုံးခိုင်းရင် ပြုံးနေပါ့မယ်..
အရှုံးသမားတော့ မဖြစ်စေရဘူး...
အရူးအမူးဖြစ်တတ်တဲ့ အရွယ်
မဟုတ်တော့ပေမယ့်
ကမူးရှူးထိုး ထင်ရာစိုင်းချင်နေတာကို
အသိစိတ်နဲ့ ချွန်းအုပ်...
စုတ်ပြတ်မသွားစေရဘူး..
အထူးသဖြင့်
မင်းရဲ့ ဘဝ လှပနေစေချင်တာ
ငါ့ဆန္န
ရင်ကွဲရရင် ခံလိုက်ပါ့မယ်...
ဘယ်အခြေအနေရောက်ရောက်
ရင်မှာတစ်ယောက်တည်းသာ
ရှိတော့တာမို့
ဆိုးချင်သလောက် ဆိုးလိုက်စမ်း
ကဲ.. ကံကြမ္မာရေ..
မင်းနဲ့ငါ လောင်းလိုက်ကြစို့....

Wednesday, December 31, 2008

လက်ဆောင် ၂၀၀၉

လက်ဆောင် ၂၀၀၉ နှစ်သစ်ကို ရောက်ပီနော်... ငါတို့ အပျော်ရွှင်ဆုံးဖြစ်အောင် ဆုတောင်းကြပါစို့... ဘဝအမောတွေလည်း များပီ.... မဆုံးနိုင်တဲ့ တဒင်္ဂ အခါးတွေ.. အမြန်ဆုံး ချိုမြိန်ပါစေ.... လွမ်းမောစရာ မနက်ဖန်တွေကို ခပ်ကြမ်းကြမ်း တွန်းလှန်ကြတာပေါ့.... ငါ့တို့ မျှော်လင့်ချက် ရောင်နီကို နှစ်သစ်မနက်ခင်းနဲ့အတူ .. အားဖြည့်ထားလိုက်မယ်.. အရာရာအောင်မြင်ကြစို့...
ကျွန်တော်ချစ်သောသူများ အားလုံးကို ဒီပိုစ်အသစ်လေးနဲ့ ... နှစ်သစ်လက်ဆောင်ပေးခွင့်ပြုပါ..

Tuesday, December 30, 2008

တဆစ်ဆစ်နဲ့ ကဗျာတစ်ပုဒ်

တဆစ်ဆစ်နဲ့ ကဗျာတစ်ပုဒ် ရူးမတတ်ချစ်ခဲ့တယ်.. နှလုံးသားတွေကြွေတော့မတတ်ပဲ...
 ငါ့အသိတွေ ဘာတွေနဲ့ ပိတ်ဖုံးနေလဲ... ငါ့မျှော်လင့်ချက်တွေ ဘယ်ဆီမှာလဲ... 
ငါ့ လမ်းတွေမှုံဝါးနေပီလား... ငါ့ကိုယ်ငါတောင် မသိချင်တော့ဘူး... 
ငါ့လမ်းလည်းမှောင်လို့ ... တဆစ်ဆစ်နဲ့ .... ည ကဗျာပေါ့... 
ခိုလှုံရာမဲ့တဲ့ ငါ့ရင်ခွင်လေ... ဘယ်သူက ဘယ်လောက် အလေးအနက်ထားမှာလဲ..... 
ငါနားလည်သလို လူတွေဘာလို့နားလည်မပေးချင်ကြတာလဲ... တဆစ်ဆစ်နဲ့ .. ငါ့ ကဗျာပေါ့..
အချစ်က ငါ့ကို ရူးသွပ်နေခဲ့တော့တဲ့ ... ဘယ်သူကများ ငါ့လောက်ချစ်နိုင်မှာလဲ... 
ဘယ်သူကများ င့ါကိုတန်ဖိုးထားခဲ့လို့လဲ.. စကားတစ်ခွန်းကို ဘာလို့ တန်ဖိုးမထားကြတာလဲ ..
 ငါ့မျက်ရည် အစစ်ကို ဘယ်သူကူသုတ်ပေးမှာလဲ.. 
တစ်ဆစ်ဆစ်နဲ့... ငါ့ ကဗျာလေ..

Thursday, November 6, 2008

သို့ ...မှ - ချစ်သူသိပါစေ (by harmonious)

သုိ႔ .......မွ (by harmonious)
ခံစားချက်တွေ ပြင်းထန် မီးလျှံလို ပေါက်ကွဲ
သူ့ အသည်း အဲလောက်မာလား
ငါမသိခဲ့လို့ပါ....
သူ့အဖို့ ငါဟာဘာလဲ သာယာရုံသက်သက်လား
မနှိပ်စက်သင့်ဘူး ခုလိုမျိုး
တစ်ခုခုလွဲနေတဲ့ ငါ့အပေါ်ကို
အပျော်သဘောတော့ မလုပ်ပါနဲ့....
ရှုပ်တယ်လို့ နင်သတ်မှတ်ရင်
ခပ်ပြတ်ပြတ်ပဲ ပြောလိုက်ပေါ့
အလိုက်အထိုက်ဆိုတာ မကောင်းဘူး....
ဟောင်းနေတဲ့ နှလုံးသားနဲ့ ငါ့မှာ
ပြစရာက ရင်ခွင်ဗလာပဲ
လာခြင်းမကောင်းတဲ့ အဖြစ်တွေက
အပြစ်ဆိုတဲ့ စကားလုံးနဲ့ပဲ တန်တယ်...
မှန်တယ်လို့ ဇွတ်အားတင်းထားလဲ
စကားတွေက မရေမရာ မသေချာတဲ့ အနာဂတ်တစ်ခုနဲ့
ဟတ်ထိုးလဲကျခါနီး ငါ့ကို အပူမီးတွေငြိမ်းသတ်
ပိန်းပိတ်အောင် မှောင်နေတဲ့လမ်းကို

စမ်းတဝါးမဖြစ်စေဖို့
မင်းအချစ်နဲ့ လမ်းပြမပေးနိုင်ရင်တောင်
ရင်ခုန်သံ အစစ်တစ်ချက်လောက်တော့ ကြားခွင့်ပြု....
အခုလိုရှိနေပေမယ့်လို့ နဲ့တဲ့တဲ့ ငါနှလုံးသားရဲ့ အဝေးကို သွားတဲ့အခါ
တားခွင့် မရှိတာ သိပြီးသား....
ခုသိရှိထားတဲ့ နားလည်မှုတွေက
အပြုသဘောဆောင်မှာလား ထားလိုက်ပါတော့....
အတုဆိုရင် ခုတည်းက ငဲ့ညှာတဲ့ အနေနဲ့
တည့်တည့်သာပြောလိုက်ပါ....
ငါဟာ မင်းအတွက် တစ်ချိန်မှာ ဟာသ မဖြစ်ချင်ဘူး....
ဘာလို့လဲဆိုတော့ ငါ့နှလုံးသားက
ခံနိုင်ရည်တွေ ကုန်ခမ်းလုနီးပါးဖြစ်နေလို့
စို့နေတဲ့မျက်ရည်တွေကို မင်းမမြင်အောင်
ရင်ခွင်တစ်နေရာမှာ လှောင်ထားလိုက်မယ်
သေချာအောင် မင်းငါ့ကို တစ်ခုခုပြော....

...................................................

ချစ်သူသိပါစေ

ညနေပိုင်း နာရီတွေက ငါ့ကိုခြောက်လှန့်
ရင်ခွင်ကို အပိုင်းပိုင်းဖြတ်နေသလိုပဲ....
ငါ့ပျော်ရွှင်မှု ပုံမှန်ချိန်တွေကို
တစ်စစ ဖျက်ဆီး ငါ့ကိုယ်ငါတောင် မသိတော့ဘူး

ဒီလိုချိန်တွေကို ငါကျော်လို့ရချင်တယ်
မိုးချုပ်မယ့် အချိန်တွေ အပါအဝင်ပေါ့
နောက်နေ့တွေလဲ ဒီလိုပဲလား
ငါ့ရင်မှာ လောင်ကျွမ်းနေပြီ....

ချစ်တဲ့သစ်ပင်

သစ်ပင်ရေ.... ငါ့ဘဝက နွေမကဘူး ဒါတောင် ငါ့နှလုံးသွေးတွေနဲ့ အရိုးသားဆုံး မင်းကို လန်းဆန်းခွင့်တွေ ဆောင်ကြဉ်း ပေးစေခဲ့တာပါ.... 
သစ်ပင်ရေ.... မင်းနဲ့ ပျော်ရွှင်စရာ နေ့ရက်တွေကို ငါတို့အတူ ဖန်တီးခွင့်ရတာ ကျေးဇူးတင်ပါတယ်.... ငါတို့ကို ဘဝက ဘယ်ချိန်ထိများ ပျော်ရွှင်ခွင့်တွေ ဆက်ပေးဦးမှာလဲ....
သစ်ပင်ရေ.... ငါအဲ့သြ ကြည်နူးမိလေရဲ့ အချစ်က ဆေးစွမ်းတစ်လက်လို အရာရာကို ကုစားပြောင်းလဲလို့ ရတယ်ဆိုတာ.... မင်းငါ့ကို ပေးသိတယ်လေ.... 
သစ်ပင်ရေ.... မင်းဟာ ငါ့အတွက် ဟုတ်သည်ဖြစ်စေ မဟုတ်သည်ဖြစ်စေ ငါ စောင့်ရှောက်ချင်သေးတယ်... ရင်ခုန်သံတွေ ရပ်တဲ့အထိပေါ့.... 
သစ်ပင်ရေ.... ငါ့အတွက် အသီးအပွင့်တွေ မဝေဆာရင်နေပါ မင်းဆက်လက် စိမ်းလန်းနေရမယ်နော်.... ဒါဟာ ငါ့ အတ္တပေါ့ ပြီးတော့ ငါ့အချစ်တွေ မြေမခ သရွေ့ ပေါ့ 

စိတ်ကူးနှင့် လက်တွေ့ဝေး

စိတ်ကူး ရင်ခုန်သံကို မျက်ကွယ်ပြုရတာ ပင်ပန်းတယ်ကွာ.... 
ဖြစ်နိုင်ရင် နှလုံးသားရဲ့ ဆန္နတွေအတိုင်း ငါတို့ အဝေဆုံးကို ခြေဆန့်လိုက်ချင်ရဲ့..... 
ပျော်ရွှင်ချမ်းမြေ့မှု အတိပြီးတဲ့ ဘဝတွေနဲ့ စီးမျောလိုက်ချင်တယ် ငါတို့.....
လက်တွေ့ ရင်ခုန်သံကို မျက်ကွယ်ပြုရတာ ပင်ပန်းတယ်ကွာ.... 
ဖြစ်နိုင်ရင် နှလုံးသားရဲ့ ဆန္နကို ဆန့်ကျင်ပြီး အဝေးဆုံးကို ခြေဆန့်လိုက်ချင်ရဲ့ 
ငါ့ဘဝ စုပ်ပျက်သွားပါစေ..... အလွမ်း အဆွေးတွေနဲ့ပဲ ဘဝကို စတေးလိုက်ချင်တော့တယ်.... 
မင်းကိုလည်း ဘဝကြမ်းကြမ်းကို မခေါ်ရက်ဘူး

Thursday, October 16, 2008

ကိုယ်ပိုင် လောင်ကျွမ်းခြင်း

ကိုယ်ပိုင် လောင်ကျွမ်းခြင်း (၁၄၁၀၀၈-၂၄၀၀)
ကန့်သတ်မဲ့ အချိန်တွေဝါးမျို သံယောဇဉ် ဓါးတစ်ချောင်း နှလုံသားတွေမှာ တစ်ဆစ်ဆစ်နစ်မြုပ်.... လက်တွေတောင် တုန်ရီနေသတဲ့.... အဲဒီညမှာလဲ လမင်းကမလင်းခဲ့ပါဘူး... လက်ခနဲ ကြည့်တဲ့အကြည့် ငါသိခဲ့သလိုပဲ .... သွေးမရှိတဲ့ နှလုံးသားကို ခပ်ကြမ်းကြမ်း နွေးထွေးစေတယ်လေ.... အပြင်မှာတော့ .. ငါ့ရာသီဥတုက ပုံမှန်လိုပါဘဲ နင်မသိအောင် ရင်ခုန်မယ်... .........................
စိတ်ကူးအိပ်မက် (၁၃၁၀၀၈-၀၅၃၀) ငါဟာ ပိုးစုန်းကြူး တစ်ကောင်ပေါ့ အလင်းရောင်က မှိန်ပျပျပါ.... ဒါပေမယ့် လမင်း မလင်းတဲ့ ညတစ်ညအတွက်တော့ ငါဟာ မင်းအတွက် အလင်းရောင်ပါ.... 
မင်းရော ဘယ်လိုလဲ ? အငဲပြောတဲ့ ကြာဖြူလား နွံအိုင်လား.... 
ငါ .... ၀ါးတစ်ပင် နွယ်တစ်ချောင်းလောက် အသုံးဝင်ချင် သေးတယ်.

Sunday, October 12, 2008

ရေခဲချောင်း (သို့) I love ice cream (by harmonious)

ငါသိပ်ကြိုက်တဲ့ရေခဲချောင်းလေး
ကုန်သွားမှာစိုးလို့တစ်ကိုက်ပဲကိုက်တာ
ပြုတ်ကျသွားလို့မစားရတော့ဘူး....

ငါသိပ်ကြိုက်တဲ့ရေခဲချောင်းလေး
လည်ချောင်းနာတာတောင်စားတုန်းပဲ
ရေခဲချောင်းမှမစားရရင်သေသွားနိုင်တယ်.....

ငါသိပ်ကြိုက်တဲ့ရေခဲချောင်းလေး
မတည့်လဲထပ်စားဦးမှာပဲ
ပြီးမှဆရာဝန်ဆေးထိုးလဲခံလိုက်မယ်.....

ငါသိပ်ကြိုက်တဲ့ရေခဲချောင်းလေး
သူ့ကိုဝယ်ကြွေးဖူးတယ်
သူလဲတစ်ကိုက်ပဲကိုက်ရသေးတယ်
ပြုတ်ကျသွားလို့မစားရတော့ဘူး....

Monday, October 6, 2008

အိပ်မက်သာဖြစ်ပါတော့


လွမ်းစရာ့ မနက်ဖန်တွေ
ရှတတ
အကြည့်မှာပြို.....
 ကြည်နူးစွာ ရင်ခုန်ဆဲ
အတွေးများနဲ့ ငါ့မနက်ဖန်
ရံဖန်ရံခါ အသက်ရှူမှား......


ငါ့အအချစ်ကိုငါမျိုချ
ဘဝဆိုတာဘာလဲ.....
အတ္တလား၊ ဘောင်လား၊ ကန္နားလား
လွတ်လပ်ခွင့်လား........

အချစ်ကရောဘာတွေလဲ
ပေးဆပ်မှလား
ရယူမှလား..
မပေးဆပ်ဘဲ
မယူလို့မရဘူးလား......

အလွမ်းကရောဘယ်လိုလဲ
လွတ်လပ်မှုနဲ့
ဆောင်ကြဉ်းခွင့်
ပေးမှာလား

ဒီဥပဒေသတွေနဲ့
ငါ့အခန်းကို တခါးပိတ်
အိပ်မက်သာဖြစ်လိုက်ပါတော့.....

Monday, September 29, 2008

Fiction (by harmonious)

I can't stand anymore Somebody be ahead your sweet sounding words ..... 
I want to cry every night Coz you tie my heart very tight .... 
I really don't know how to do Am I running & let you go ....
 Pls, take me far far away I want to be with you everyday ..