အရူးတစ်ယောက်ရဲ့ည

အိမ်ပြန်ချိန် လမ်းကလေးရဲ့ည မဲပေါက်သွားတဲ့ အရူးတစ်ယောက်လေ လမ်းပေါ်မှာပျော်လို့....

ထာ၀ရ

ချစ်သူ.. ငါတို့ရှေ့မှာ မိုးရွာမယ်၊ လေထန်မယ်၊ တို့မီးရှို့မီးတွေငြိမ်းသက်ရမယ်....

လွင့်မျောတဲ့ညများ

အိပ်ရာမဲ့ ဝင်္ကဘာထဲ အမြဲတမ်း ရုံးကန်ရင်း နလန်ထအောင် ဘယ်လောက်လုပ်လုပ် ငါ့ဘဝက စက်ရုပ်တစ်ခုလိုပဲ...

နာ

အစာလွန် အိပ်မက်တွေ ကိုယ်ပိုင် နှစ်သိမ့်မျက်ရည်များနဲ့ ယောင်ဝါး နေ့ရှည်ရှည် အတ္တိသရ လွန်နေကြတဲ့ လူကြွားတွေရဲ့ ဘဝနဲ့ချီတဲ့ အဓိပ္ပါယ်မဲ့ ပျက်လုံးတွေ…

အချစ်လက်ဆောင်

အသဲ ကွဲရင်ကွဲပါစေတော့ မင်းနှုတ်ခမ်းနဲ့ မင်းအနမ်းတွေကို မျှော်လင့်ရင်း အသက်ဆက်နေတဲ့ ငါဟာ သိုးမဲတစ်ကောင်ပါ မင်းအတွက် ငါဟာ နေတစ်စင်းမဟုတ်ခဲ့ပေမယ့် ကြယ်တစ်ကြွေစာ အလင်းရောင်လေး လောက်ဖြစ်ဖြစ် လင်းခွင့်ရချင်သေးတယ်...

Thursday, June 8, 2023

ကျွန်တော်နှင့် အင်တာနက် (Internet)

  • ကမ္ဘာကြီးမှာ ဘယ်အချိန်က Internetကို စတင်ခဲ့တာပါသလဲ ?
  •  1920s ကနေစပြီး information theory ကို အလုပ်လုပ်တဲ့အကြောင်း  Harry Nyquist and Ralph Hartley  တို့က သက်သေပြနိုင်ခဲ့တယ်တဲ့ 
  • အင်တာနက် တိုးတက်လာပုံအဆင့်ဆင့် ?
  • အဲဒီကနေ အဆင့်အဆင်တိုးတက်လာပြီးတော့ (အသေးစိတ်တော့ ပျင်းလို့ ပြန်မရေးပြတော့ဘူး) ဒီမှာ သွားဖတ်ပေတော့ 😂  
  • 1973–1989 မှာ နည်းပညာတွေပေါင်းစပ်တယ်
  • 1990–2003 မှာ Globle Internet Web 1.0 ဆိုပြီးစတင်တည်ထောင်တယ် ပြီးတော့ Internet အသုံးပြုမှုတွေ ကျယ်ပြန့်လာတယ်
  • 2004–present: Web 2.0, global ubiquity, Social media တွေ လက်ရှိအချိန်အထိအသုံးပြုလာကြတယ်
  • မြန်မာပြည်မှာ ပထမဦးဆုံး အင်တာနက်ဆိုတာကြီး ဘယ်အချိန်မှာ စပြီး သုံးစွဲခဲ့ရပါသလဲ ?
  • Year 2000 မှာ စတင်သုံးစွဲခဲ့တာပါတယ်တဲ့ 
  • ဘယ်လို Service မျိုးစတင်သုံးစွဲခဲ့ပါသလဲ ?
  • ကျွန်တော်သိသလောက် မြန်မာပြည်မှာ စသုံးတော့  Dial Up Connection နဲ့ စသုံးတာပဲ အဲ့အချိန်က Internet Service Providers(ISPs) က ကျွန်တော်မှတ်မိသလောက် MPT, Bagan Net နှစ်ခုပဲရှိတယ်
  • ပြီးတော့မှ  ADSL ဆိုပြီးပေါ်တယ်  နောက်တဆင့်နဲ့ (VDSL ဆိုပြီး ပိုမြန်တဲ့ Services) ကို မြန်မာပြည်မှာတော့ ISPs တွေက  Upgrade မလုပ်ကြဘူးထင်တာပဲ
  • အဲ့ဒီအချိန်က Internet (ADSL)  Service နဲ့ချိတ်ဆက်ထားတဲ့ ဖုန်းလိုင်းတွေရှိနေတဲ့ မြို့ကြီးတချို့လောက်ပဲ အင်တာနက် (Kbps) ကို လစဉ်ကြေး  $100 နဲ့အထက် (မှတ်မိသလောက်) ပေးဆောင်ပြီး သုံးစွဲရတယ်
  • အဲအချိန်မှာပဲ တခြားနယ်မြို့ကြီးတွေမှာ Sattlite ISP (Sky Net) နဲ့ သုံးကြရတယ် စျေးတော့အတော်ကြီးတယ် စသုံးတဲ့အချိန်မှာ ကျွန်တော့် အသိတစ်ယောက်ဆို အဲ့အချိန်က မြန်မာငွေနဲ့ တစ်လကို ၂ သိန်းခွဲအထက်လောက် ပေးရတယ်  အခုလက်ရှိ SkyNet, MyanSat, and Myanmar Telecom  ဆိုပြီး Sattlite ISP တွေ ဆက်ရှိနေကြတုန်းပဲလို့ ရှာတွေ့တယ် စျေးနှုံးတွေတော့ အလှမ်းဝေးလို့ မပြောတတ်တော့ဘူး 
  • လက်ရှိ ISPs များ (ရှာတွေ့သလောက်)
  1. Telecom International Myanmar Company Limited (Mytel 😆 )
  2. Myanma Post & Telecommunication
  3. Yatanarpon Teleport Company Limited
  4. Atom Myanmar Limited
  5. Frontiir Co., Ltd
  6. Global Technology Co., Ltd.
  7. Ooredoo Myanmar Limited 9,472
  8. Myanmar Unilink Communication Company Limited
  9. AGB Communication Co.Ltd
  10. Ocean Wave Communication Co., Ltd
  11. Myanmar Broadband Telecom Co., Ltd
  12. Myint & Associates Telecommunications Ltd
  13. Fortune International Ltd.
  14. Marga Global Telecom Limited
  15. Yar Chang Company Limited
  16. Connect Gateway Company Limited
  17. Myanmar Speed Net Co.,Ltd
  18. MYANMAR INFORMATION HIGHWAY LIMITED
  19. NTT MYANMAR CO., LTD.
  20. Myanmar Bee Live Communication Co.,Ltd 
  21.         Mytel (နာမည်မပါလို့ပြန်ဖြည့်ထား)
  • တခုချင်းဆီကနေ ပြန်ယူရောင်းနေတဲ့ Sub Contractor တွေအများကြီးပဲ ကျန်သေးတယ်
  • ကျွန်တော် စသုံးဖူးတဲ့ Internet 
            ပြောချင်တာက ခုမှစမှာ ကျွန်တော် စသုံးခဲ့ရတဲ့ Internet အကြောင်းဗျ  2005-06 လောက်က ဖြစ်မယ် ကျွန်တော်တို့နယ်မြို့လေးတစ်မြို့မှာ Internet စသုံးလို့ ရရော Sattlite Isp နဲ့နော် Internet Cafe တွေစဖွင့်ကြတဲ့အချိန် Email ဆိုတာလဲမသိသေးဘူး Web Browser ဆိုတာလဲမသိ-  MIRC chat (1995-Present)  နဲ့ စပြီး မိတ်ဆက်ကြရတာပေါ့  အာ့မှာ စပြီး သုံးတတ်တာပဲ အာ့ကျမှ Inter Slang တွေ (Nick,Asl, Lol, Brb, W8, ......)  စသည်ဖြင့် နည်းနည်းသိလာတာ MIRC ကျေးဇူးနဲ့ ၊ နောက်တခုက Gtalk (1995-2015)  အခုလိုမျိုး Google Account တစ်ခုတည်းနဲ့ အကုန်သုံးလို့မရသေးဘူး Gtalk မှာပဲ Account Created လုပ်ရတာမျိုးဗျ၊ နောက်တခုက QQ  Messenger (1999- Present) နဲ့ UI တွေနည်းနည်းပိုကောင်းလာတယ် Imoji တွေပါတွေ ပုံလေးတွေနဲ့ပါလာပြီ   အဲ့နောက်ပိုင်း ဘာပေါ်လာလဲဆိုတော့ Yahoo Messenger (2015-2019) အာ့မှာကျတော့ Gtalk သုံးတာနည်းနည်းသိနေပြီဆိုတော့ သိပြီးထွေထူးမဟုတ်တော့ဘူး အကောင့်ဆောက်ထားတဲ့ အဆင့်လောက်ပဲ ဝင်ဝင် သုံးဖြစ်တယ် friend လဲ မရှိဘူး . အဲဒီနောက် Email တွေစသုံးလာကြတယ်    Yahoo mail (1997-Present) ကတော့ လက်ရှိသုံးလို့ရနေသေးတယ်နော်၊ နောက်တခုက ကျွန်တော်တို့ရဲ့ ဇာတ်လိုက် Gmail (2004-Present) April Fool Day ကြီးမှာ Launch လုပ်ပစ်တာနော် 1Gb Storage ပေးတယ်၊ အာ့နောက်ပိုင်း Computer Game (Lan Game) တွေခတ်စားလာတယ် ဘာတွေလဲဆိုတော့ (Red Alert Series , Generals Series , Age Of Empires , Counter Strike Series အာ့အချိန်က CS 1.5~6~Source ပဲရှိသေးတယ်။
            ဒီလိုနဲ့ပဲ နှစ်တွေကြာလာတော့ 2007-08 လောက်မှာ ရန်ကုန်ကို စပြီး နေဖြစ်တယ် အဖေ့သူငယ်ချင်းအိမ်မှာ စစချင်း ခဏနေတယ် ပြီးတော့မှ အကိုတစ်ယောက်ရဲ့ အင်တာနက်ဆိုင်မှာနေဖြစ်တယ် အချိန်မှာ ဘာတွေခေတ်စားနေလဲဆိုတော့  Social Media Platforms တွေစနေပြီဗျ  hi5 (2004-Present) , Friendster (2003-2018) , Facebook (2004-Present) အာ့အပြင် တခြား Chat Rom တွေဖြစ်တဲ့ VZO chat (history တောင်ရှာမရ)  , OovoO (2007-2017)  အာ့ဒါတွေ သုံးကြခဲ့ကြတယ်  နောက်ပြီးတော့ Forum Platform တွေလဲသုံးကြတယ် .... အာ့ဒီလိုနဲ့  ကျွန်တော်တို့  Internet ကို သုံးခဲ့ကြတာ နှစ်နှစ်ဆယ် လောက်ရှိခဲ့ပြီဗျ ခင်များတို့ဆီမှရော ဘာတွေ အမှတ်တရတွေ မှတ်တမ်းတွေကျန်ခဲ့သေးလဲ ? 

နောက်ထပ် Blogger ဆိုတာတဖွဲ့ရှိသေးတယ် အရက်သမားက 90% လောက်ရှိမယ်ဗျ 😝  ကဲ..... ခင်ဗျားက ရှေးခေတ် အွန်လိုင်း စာရေးဆရာတစ်ယောက် (Blogger) ဖြစ်ခဲ့မယ်ဆို ခုချိန်ဘာလုပ်သင့်လဲသိလား ?

ခင်ဗျားတို့ရဲ့  အမှတ်တရလေးတွေ ကို ဖတ်မရတော့တဲ့ Zawgyi Font တွေနဲ့ ဖုန်မတက်စေပါနဲ့တော့  Unicode လေးတော့ပြောင်းပေးကြပါဗျာ ကျေးဇူးပြုပြီးတော့ .......


လေးစားစွာဖြင့် 
Granfarz (08/06/23)


P.S ကျွန်တော်၏ ကိုယ်တွေ့အတွေ့အကြုံများမှလွဲပြီး အထက်အကြောင်းအရာပါ အချက်အလက်များသည် Personal Research Data Via Internet ဖြစ်ပါသဖြင့် ကွဲလွဲခဲ့သည်များရှိပါက ကျွန်တော်၏ ညံ့ဖျင်းမှုသာဖြစ်ပါသည်...