- ကမ္ဘာကြီးမှာ ဘယ်အချိန်က Internetကို စတင်ခဲ့တာပါသလဲ ?
- 1920s ကနေစပြီး information theory ကို အလုပ်လုပ်တဲ့အကြောင်း Harry Nyquist and Ralph Hartley တို့က သက်သေပြနိုင်ခဲ့တယ်တဲ့
- အင်တာနက် တိုးတက်လာပုံအဆင့်ဆင့် ?
- အဲဒီကနေ အဆင့်အဆင်တိုးတက်လာပြီးတော့ (အသေးစိတ်တော့ ပျင်းလို့ ပြန်မရေးပြတော့ဘူး) ဒီမှာ သွားဖတ်ပေတော့ 😂
- 1973–1989 မှာ နည်းပညာတွေပေါင်းစပ်တယ်
- 1990–2003 မှာ Globle Internet Web 1.0 ဆိုပြီးစတင်တည်ထောင်တယ် ပြီးတော့ Internet အသုံးပြုမှုတွေ ကျယ်ပြန့်လာတယ်
- 2004–present: Web 2.0, global ubiquity, Social media တွေ လက်ရှိအချိန်အထိအသုံးပြုလာကြတယ်
- မြန်မာပြည်မှာ ပထမဦးဆုံး အင်တာနက်ဆိုတာကြီး ဘယ်အချိန်မှာ စပြီး သုံးစွဲခဲ့ရပါသလဲ ?
- Year 2000 မှာ စတင်သုံးစွဲခဲ့တာပါတယ်တဲ့
- ဘယ်လို Service မျိုးစတင်သုံးစွဲခဲ့ပါသလဲ ?
- ကျွန်တော်သိသလောက် မြန်မာပြည်မှာ စသုံးတော့ Dial Up Connection နဲ့ စသုံးတာပဲ အဲ့အချိန်က Internet Service Providers(ISPs) က ကျွန်တော်မှတ်မိသလောက် MPT, Bagan Net နှစ်ခုပဲရှိတယ်
- ပြီးတော့မှ ADSL ဆိုပြီးပေါ်တယ် နောက်တဆင့်နဲ့ (VDSL ဆိုပြီး ပိုမြန်တဲ့ Services) ကို မြန်မာပြည်မှာတော့ ISPs တွေက Upgrade မလုပ်ကြဘူးထင်တာပဲ
- အဲ့ဒီအချိန်က Internet (ADSL) Service နဲ့ချိတ်ဆက်ထားတဲ့ ဖုန်းလိုင်းတွေရှိနေတဲ့ မြို့ကြီးတချို့လောက်ပဲ အင်တာနက် (Kbps) ကို လစဉ်ကြေး $100 နဲ့အထက် (မှတ်မိသလောက်) ပေးဆောင်ပြီး သုံးစွဲရတယ်
- အဲအချိန်မှာပဲ တခြားနယ်မြို့ကြီးတွေမှာ Sattlite ISP (Sky Net) နဲ့ သုံးကြရတယ် စျေးတော့အတော်ကြီးတယ် စသုံးတဲ့အချိန်မှာ ကျွန်တော့် အသိတစ်ယောက်ဆို အဲ့အချိန်က မြန်မာငွေနဲ့ တစ်လကို ၂ သိန်းခွဲအထက်လောက် ပေးရတယ် အခုလက်ရှိ SkyNet, MyanSat, and Myanmar Telecom ဆိုပြီး Sattlite ISP တွေ ဆက်ရှိနေကြတုန်းပဲလို့ ရှာတွေ့တယ် စျေးနှုံးတွေတော့ အလှမ်းဝေးလို့ မပြောတတ်တော့ဘူး
- လက်ရှိ ISPs များ (ရှာတွေ့သလောက်)
- Telecom International Myanmar Company Limited (Mytel 😆 )
- Myanma Post & Telecommunication
- Yatanarpon Teleport Company Limited
- Atom Myanmar Limited
- Frontiir Co., Ltd
- Global Technology Co., Ltd.
- Ooredoo Myanmar Limited 9,472
- Myanmar Unilink Communication Company Limited
- AGB Communication Co.Ltd
- Ocean Wave Communication Co., Ltd
- Myanmar Broadband Telecom Co., Ltd
- Myint & Associates Telecommunications Ltd
- Fortune International Ltd.
- Marga Global Telecom Limited
- Yar Chang Company Limited
- Connect Gateway Company Limited
- Myanmar Speed Net Co.,Ltd
- MYANMAR INFORMATION HIGHWAY LIMITED
- NTT MYANMAR CO., LTD.
- Myanmar Bee Live Communication Co.,Ltd
- Mytel (နာမည်မပါလို့ပြန်ဖြည့်ထား)
- တခုချင်းဆီကနေ ပြန်ယူရောင်းနေတဲ့ Sub Contractor တွေအများကြီးပဲ ကျန်သေးတယ်
- ကျွန်တော် စသုံးဖူးတဲ့ Internet
ပြောချင်တာက ခုမှစမှာ ကျွန်တော် စသုံးခဲ့ရတဲ့ Internet အကြောင်းဗျ 2005-06 လောက်က ဖြစ်မယ် ကျွန်တော်တို့နယ်မြို့လေးတစ်မြို့မှာ Internet စသုံးလို့ ရရော Sattlite Isp နဲ့နော် Internet Cafe တွေစဖွင့်ကြတဲ့အချိန် Email ဆိုတာလဲမသိသေးဘူး Web Browser ဆိုတာလဲမသိ- MIRC chat (1995-Present) နဲ့ စပြီး မိတ်ဆက်ကြရတာပေါ့ အာ့မှာ စပြီး သုံးတတ်တာပဲ အာ့ကျမှ Inter Slang တွေ (Nick,Asl, Lol, Brb, W8, ......) စသည်ဖြင့် နည်းနည်းသိလာတာ MIRC ကျေးဇူးနဲ့ ၊ နောက်တခုက Gtalk (1995-2015) အခုလိုမျိုး Google Account တစ်ခုတည်းနဲ့ အကုန်သုံးလို့မရသေးဘူး Gtalk မှာပဲ Account Created လုပ်ရတာမျိုးဗျ၊ နောက်တခုက QQ Messenger (1999- Present) နဲ့ UI တွေနည်းနည်းပိုကောင်းလာတယ် Imoji တွေပါတွေ ပုံလေးတွေနဲ့ပါလာပြီ အဲ့နောက်ပိုင်း ဘာပေါ်လာလဲဆိုတော့ Yahoo Messenger (2015-2019) အာ့မှာကျတော့ Gtalk သုံးတာနည်းနည်းသိနေပြီဆိုတော့ သိပြီးထွေထူးမဟုတ်တော့ဘူး အကောင့်ဆောက်ထားတဲ့ အဆင့်လောက်ပဲ ဝင်ဝင် သုံးဖြစ်တယ် friend လဲ မရှိဘူး . အဲဒီနောက် Email တွေစသုံးလာကြတယ် Yahoo mail (1997-Present) ကတော့ လက်ရှိသုံးလို့ရနေသေးတယ်နော်၊ နောက်တခုက ကျွန်တော်တို့ရဲ့ ဇာတ်လိုက် Gmail (2004-Present) April Fool Day ကြီးမှာ Launch လုပ်ပစ်တာနော် 1Gb Storage ပေးတယ်၊ အာ့နောက်ပိုင်း Computer Game (Lan Game) တွေခတ်စားလာတယ် ဘာတွေလဲဆိုတော့ (Red Alert Series , Generals Series , Age Of Empires , Counter Strike Series အာ့အချိန်က CS 1.5~6~Source ပဲရှိသေးတယ်။
ဒီလိုနဲ့ပဲ နှစ်တွေကြာလာတော့ 2007-08 လောက်မှာ ရန်ကုန်ကို စပြီး နေဖြစ်တယ် အဖေ့သူငယ်ချင်းအိမ်မှာ စစချင်း ခဏနေတယ် ပြီးတော့မှ အကိုတစ်ယောက်ရဲ့ အင်တာနက်ဆိုင်မှာနေဖြစ်တယ် အချိန်မှာ ဘာတွေခေတ်စားနေလဲဆိုတော့ Social Media Platforms တွေစနေပြီဗျ hi5 (2004-Present) , Friendster (2003-2018) , Facebook (2004-Present) အာ့အပြင် တခြား Chat Rom တွေဖြစ်တဲ့ VZO chat (history တောင်ရှာမရ) , OovoO (2007-2017) အာ့ဒါတွေ သုံးကြခဲ့ကြတယ် နောက်ပြီးတော့ Forum Platform တွေလဲသုံးကြတယ် .... အာ့ဒီလိုနဲ့ ကျွန်တော်တို့ Internet ကို သုံးခဲ့ကြတာ နှစ်နှစ်ဆယ် လောက်ရှိခဲ့ပြီဗျ ခင်များတို့ဆီမှရော ဘာတွေ အမှတ်တရတွေ မှတ်တမ်းတွေကျန်ခဲ့သေးလဲ ?
နောက်ထပ် Blogger ဆိုတာတဖွဲ့ရှိသေးတယ် အရက်သမားက 90% လောက်ရှိမယ်ဗျ 😝 ကဲ..... ခင်ဗျားက ရှေးခေတ် အွန်လိုင်း စာရေးဆရာတစ်ယောက် (Blogger) ဖြစ်ခဲ့မယ်ဆို ခုချိန်ဘာလုပ်သင့်လဲသိလား ?
ခင်ဗျားတို့ရဲ့ အမှတ်တရလေးတွေ ကို ဖတ်မရတော့တဲ့ Zawgyi Font တွေနဲ့ ဖုန်မတက်စေပါနဲ့တော့ Unicode လေးတော့ပြောင်းပေးကြပါဗျာ ကျေးဇူးပြုပြီးတော့ .......
လေးစားစွာဖြင့်
Granfarz (08/06/23)
P.S ကျွန်တော်၏ ကိုယ်တွေ့အတွေ့အကြုံများမှလွဲပြီး အထက်အကြောင်းအရာပါ အချက်အလက်များသည် Personal Research Data Via Internet ဖြစ်ပါသဖြင့် ကွဲလွဲခဲ့သည်များရှိပါက ကျွန်တော်၏ ညံ့ဖျင်းမှုသာဖြစ်ပါသည်...
0 ယောက်အကြံပေးပါတယ်..:
Post a Comment