အရူးတစ်ယောက်ရဲ့ည

အိမ်ပြန်ချိန် လမ်းကလေးရဲ့ည မဲပေါက်သွားတဲ့ အရူးတစ်ယောက်လေ လမ်းပေါ်မှာပျော်လို့....

ထာ၀ရ

ချစ်သူ.. ငါတို့ရှေ့မှာ မိုးရွာမယ်၊ လေထန်မယ်၊ တို့မီးရှို့မီးတွေငြိမ်းသက်ရမယ်....

လွင့်မျောတဲ့ညများ

အိပ်ရာမဲ့ ဝင်္ကဘာထဲ အမြဲတမ်း ရုံးကန်ရင်း နလန်ထအောင် ဘယ်လောက်လုပ်လုပ် ငါ့ဘဝက စက်ရုပ်တစ်ခုလိုပဲ...

နာ

အစာလွန် အိပ်မက်တွေ ကိုယ်ပိုင် နှစ်သိမ့်မျက်ရည်များနဲ့ ယောင်ဝါး နေ့ရှည်ရှည် အတ္တိသရ လွန်နေကြတဲ့ လူကြွားတွေရဲ့ ဘဝနဲ့ချီတဲ့ အဓိပ္ပါယ်မဲ့ ပျက်လုံးတွေ…

အချစ်လက်ဆောင်

အသဲ ကွဲရင်ကွဲပါစေတော့ မင်းနှုတ်ခမ်းနဲ့ မင်းအနမ်းတွေကို မျှော်လင့်ရင်း အသက်ဆက်နေတဲ့ ငါဟာ သိုးမဲတစ်ကောင်ပါ မင်းအတွက် ငါဟာ နေတစ်စင်းမဟုတ်ခဲ့ပေမယ့် ကြယ်တစ်ကြွေစာ အလင်းရောင်လေး လောက်ဖြစ်ဖြစ် လင်းခွင့်ရချင်သေးတယ်...

Friday, June 24, 2016

ကိုယ်စား (by harmonious)

မလူးသာမလွန့်သာခံစား
ဒီရင်ဝေဒနာတွေကြားမှာ
ဆွံ့အမြိုသိပ်တိတ်ဆိတ်နေရုံ....
.
ဒေါသကိုအဖေါ်ပြု မောဟကိုတွဲကူလို့
ေ၀ဝါးငါ့နေ့ညများ တစစကုန်ဆုံးလွန်.....
ရင်ခွင်တစ်စုံလုံး ဆုတ်ဖြဲလွှင့်ပစ်
အသက်ဝိဉာဉ်လဲ ခုတ်လှဲပစ်ချင်ရဲ့....
ဒါပေမယ့်... ငါချစ်တဲ့မင်း
ဘဝခရီးကြမ်းလှမ်းစဉ်
ခလုပ်မထိဆူးမငြိဖို့
ရှေ့မှာရင်ကော့ ခေါင်းကိုမော့ကာ
လာသမျှဒဏ် ဆည်းကြိုခံမယ်....
ငါ့ရင်ခွင်နွေး မင်းမှေးစက်ဖို့
ငါအားအင်ဖြည့် စွမ်းအင်သစ်နဲ့
မင်းလက်ကိုဆွဲ မြဲမြဲတွဲလို့
ဝေဒနာတွေလွှင့်ပစ်....
ချစ်တဲ့စိတ်နဲ့ ရှေ့ဆက်လှမ်းရွယ်
မောင်ဖေးကူမယ် ချစ်သူရယ်.....



မလူးသာမလွန့်သာခံစား
.
အသက်ဝိဥာဉ်လဲ ခုတ်လှဲပစ်ချင်ရဲ့....
ဘ၀ခရီးကြမ်းလှမ်းစဉ်
ခလုပ်မထိဆူးမငြိဖို့
ဝေဒနာတွေလွှင့်ပစ်....

ချစ်သူ့ကျောပြင် (by harmonious )

မောင့်ကျောပြင်လေး နောက်ကျောကနေ ရပ်ကြည့်နေမိတယ်
ရင်ထဲမှာဖြစ်လာတဲ့ခံစားချက်ကတစ်
မျိုးတစ်ဘာသာ....
ငယ်ငယ်တုန်းက အမေအလုပ်သွားရင်
အမေ့ကျောပြင်ကိုကြည့်ပြီးခံစားရတဲ့ဝေဒနာမျိုး....
ဝမ်းနည်းတာလား အားငယ်တာလား
ဒါမှမဟုတ် အဲဒီ့ကျောပြင်လေးကိုကြည့်ပြီး
သနားတာလား ဝေခွဲမရဘူး
ရင်ထဲမှဆို့နင့်နေတာတော့အသေအချာပဲ.....
မလင်းတစ်လင်း မမှောင်တစ်မှောင်နဲ့
လမ်းမပေါ်တစ်နေရာကနေ ငေးမောကြည့်ရင်း
ကျွန်မရင်တွေလည်းမောလာတယ်....
မောင့်အတွက်ချစ်ခြင်းမေတ္တာတွေ
အတိုင်းအဆမဲ့ပေးချင်တယ်....
ခွန်အားတွေ နွေးထွေးမှုတွေ
ကြင်နာယုယခြင်းတွေ
တစ်ပွေ့တစ်ပိုက်သယ်ဆောင်ပြီး
မောင့်ရင်ခွင်ထဲကိုပြေးဝင်လာခဲ့ချင်တယ်....
မောင်အားငယ်တိုင်း အားပေးခွင့်
မောင်လဲကျတိုင်း ထူမခွင့်
မောင်လိုအပ်ချိန်တိုင်း လိုအပ်သမျှ
ဖြည့်ဆည်းပေးနိုင်ခွင့်
အဲဒီ့အခွင့်တွေကျွန်မကိုပေးသနားပါလို့
ဆုတောင်းရင်းနဲ့ အဲ့ဒီ့ညမှာကျွန်မအိပ်ပျော်သွားခဲ့တယ်
သန်းခေါင်ကျော် ညလယ်ယံမှာပေါ့.....


(မနေ့ညက မောင့်နောက်ကျောကို ငေးကြည့်ရင်း ခံစားလာရတာတွေလေ
ခုကဗျာရေးနေရင်းနဲ့ မ ငိုမိသေးတယ်.. တစ်ကယ်ခံစားရတယ်မောင်ရယ်...
မောင့်ကိုချစ်တာရော သနားတာရော အစုံပဲ... တစ်နေ့ထက်တစ်နေ့ပိုပြီး
မောင့်အပေါ်ထားတဲ့ မ ခံစားချက်တွေ တိုးတိုးသာလာတယ် လျော့သွားဖို့မရှိပါဘူး
..)