မရေရာတဲ့ငါ့ရဲ့အနာဂတ်ထဲမှာ
မင်းလမ်းပျောက်သွားမှာ
ငါအစိုးရိမ်ဆုံးပဲ.....
လင်းလက်တောက်ပတဲ့
မင်းအနာဂတ်ကိုလှမ်းမြင်နေရတာတောင်
ငါနေထိုင်တဲ့ ယိုင်နဲ့နဲ့ အချစ်သစ်ပင်အောက်မှာ
ငါ့ကိုအဖော်ပြုပေးရင်း
မင်းသွားရမယ့်လမ်း နေဝင်ချိန်ရောက်သွားမှာ
ငါစိုးရိမ်တယ်......
တို့နှစ်ယောက် အဲဒီ့အချစ်သစ်ပင်လေးအောက်မှာ
ဘယ်လောက်ကြာကြာနေထိုင်ခွင့်ရမှာလဲ...
မုန်တိုင်းဆိုတာရောက်လာခဲ့ရင်ရော
ငါတို့အချစ်သစ်ပင်အောက်မှာပဲပေကပ်နေရမလား ? ? ?
ထွက်ပြေးလို့ရော လွတ်မြောက်ခွင့်ရမှာလား ? ? ?
မုန်တိုင်းကြားမှာ တစ်ယောက်တစ်ကွဲစီ လွင့်ပါသွားမှာလား ? ? ?
ဒါမှမဟုတ်... အချစ်သစ်ပင်လေးပြိုလဲကျသွားခဲ့ရင်ရော
ငါတို့နှစ်ယောက်လုံး အဲဒီ့နေရာမှာပဲ သေဆုံးရမှာလား ? ? ?
မဖြစ်ပါရစေနဲ့.....
အချစ်သစ်ပင်လေးလည်း မလဲကျပါစေနဲ့...
မုန်တိုင်းတွေပြီးသွားရင်
တောက်ပတဲ့မင်းရဲ့အနာဂတ်လမ်းကိုလျှောက်တဲ့အခါ
ငါလဲမင်းရဲ့ဘေးမှာ နွေးထွေးတဲ့မင်းလက်ကိုတွဲပြီးလိုက်ခွင့်ရဖို့
မရဲတရဲနဲ့ အိပ်မက်တွေမက်နေတုန်းပဲ