အရူးတစ်ယောက်ရဲ့ည

အိမ်ပြန်ချိန် လမ်းကလေးရဲ့ည မဲပေါက်သွားတဲ့ အရူးတစ်ယောက်လေ လမ်းပေါ်မှာပျော်လို့....

ထာ၀ရ

ချစ်သူ.. ငါတို့ရှေ့မှာ မိုးရွာမယ်၊ လေထန်မယ်၊ တို့မီးရှို့မီးတွေငြိမ်းသက်ရမယ်....

လွင့်မျောတဲ့ညများ

အိပ်ရာမဲ့ ဝင်္ကဘာထဲ အမြဲတမ်း ရုံးကန်ရင်း နလန်ထအောင် ဘယ်လောက်လုပ်လုပ် ငါ့ဘဝက စက်ရုပ်တစ်ခုလိုပဲ...

နာ

အစာလွန် အိပ်မက်တွေ ကိုယ်ပိုင် နှစ်သိမ့်မျက်ရည်များနဲ့ ယောင်ဝါး နေ့ရှည်ရှည် အတ္တိသရ လွန်နေကြတဲ့ လူကြွားတွေရဲ့ ဘဝနဲ့ချီတဲ့ အဓိပ္ပါယ်မဲ့ ပျက်လုံးတွေ…

အချစ်လက်ဆောင်

အသဲ ကွဲရင်ကွဲပါစေတော့ မင်းနှုတ်ခမ်းနဲ့ မင်းအနမ်းတွေကို မျှော်လင့်ရင်း အသက်ဆက်နေတဲ့ ငါဟာ သိုးမဲတစ်ကောင်ပါ မင်းအတွက် ငါဟာ နေတစ်စင်းမဟုတ်ခဲ့ပေမယ့် ကြယ်တစ်ကြွေစာ အလင်းရောင်လေး လောက်ဖြစ်ဖြစ် လင်းခွင့်ရချင်သေးတယ်...

Thursday, January 12, 2012

ကျွန်တော်၏ စက်ရုပ် မနက်ခင်းများ


နံနက်မှောင်ရီလင်းစ

ပြူးပြဲထခါ

နိစ္စဓူဝ နေ့စဉ်ဘဝ ပြန်စလေပြီ

ခွန်ဆယ့်ငါးတောင််ရှိပါပေါ့လား..

ရေအိမ်ကိုကြွ မှန်ကိုပြလဲ

မျက်ခွံတွေများ ဆယ့်လေးငါးရက်

အစာငတ်သည့် လင်းဒငယ်ပမာ

အခါခါပြုတ်ကျ ဒီနေ့ငါ့မနက်အစပေါ့..

မျက်နှာကိုသစ် သွားကိုခြစ်

ကိုယ်ဝတ်အကျႌ ကောက်ခါစွတ်တည်း

နာရီကြည့်ခါ ခြေအိတ်ရှာသည်

ခုနစ်နာရီခွဲပြီပဲ..

ပြူးခါပြာခါ အိတ်ကိုရှာပြီး

အိမ်သော့အတွဲ ကောက်ခါဆွဲလျက်

ဖိနပ်အိုထဲ ခြေထောက်ဝင်စေ..

တံခါးကိုဖွင့် အပြင်းနှင်သည်

တောအုပ် (Woodlands) ခေါ်သည် MRT(ဘူတာ)သို့

ချစ်သူလက်ကိုဆွဲလို့ပေါ့ ..




စာမရေးဖြစ်တာကြာပါပြီ ရေးချင်စိတ်ပေါက်လာတာနဲ့ ကျွန်တော်နေ့စဉ် (အထူးသဖြင့်မနက်ပိုင်းတွေ )  ဖြတ်သန်း ရတဲ့ အကြောင်းလေးကို အမှတ်တရ အဖြစ်ကဗျာစပ်ကြည့် လိုက်တယ်.(ကျွန်တော့်အချစ် ထည့်ပေးတဲ့ ထမင်းဘူးတို့ ပေါင်မုန့်ချိစ်ညှပ် လေးတွေကိုတော့ ဒီကဗျာ မနက်ခင်းတွေအတွက် စိတ် မကောင်းစွာနဲ့ ချန်ခဲ့ရပါတယ်..ချစ်သူနားလည်ပေးပါနော်) အာရုံရတဲ့အခါ ဆက်ပါဦးမည်..