နံနက်မှောင်ရီလင်းစ
ပြူးပြဲထခါ
နိစ္စဓူဝ နေ့စဉ်ဘဝ ပြန်စလေပြီ
ခွန်ဆယ့်ငါးတောင််ရှိပါပေါ့လား..
ရေအိမ်ကိုကြွ မှန်ကိုပြလဲ
မျက်ခွံတွေများ ဆယ့်လေးငါးရက်
အစာငတ်သည့် လင်းဒငယ်ပမာ
အခါခါပြုတ်ကျ ဒီနေ့ငါ့မနက်အစပေါ့..
မျက်နှာကိုသစ် သွားကိုခြစ်
ကိုယ်ဝတ်အကျႌ ကောက်ခါစွတ်တည်း
နာရီကြည့်ခါ ခြေအိတ်ရှာသည်
ခုနစ်နာရီခွဲပြီပဲ..
ပြူးခါပြာခါ အိတ်ကိုရှာပြီး
အိမ်သော့အတွဲ ကောက်ခါဆွဲလျက်
ဖိနပ်အိုထဲ ခြေထောက်ဝင်စေ..
တံခါးကိုဖွင့် အပြင်းနှင်သည်
တောအုပ် (Woodlands) ခေါ်သည် MRT(ဘူတာ)သို့
ချစ်သူလက်ကိုဆွဲလို့ပေါ့ ..
စာမရေးဖြစ်တာကြာပါပြီ ရေးချင်စိတ်ပေါက်လာတာနဲ့ ကျွန်တော်နေ့စဉ် (အထူးသဖြင့်မနက်ပိုင်းတွေ ) ဖြတ်သန်း ရတဲ့ အကြောင်းလေးကို အမှတ်တရ အဖြစ်ကဗျာစပ်ကြည့် လိုက်တယ်.(ကျွန်တော့်အချစ် ထည့်ပေးတဲ့ ထမင်းဘူးတို့ ပေါင်မုန့်ချိစ်ညှပ် လေးတွေကိုတော့ ဒီကဗျာ မနက်ခင်းတွေအတွက် စိတ် မကောင်းစွာနဲ့ ချန်ခဲ့ရပါတယ်..ချစ်သူနားလည်ပေးပါနော်) အာရုံရတဲ့အခါ ဆက်ပါဦးမည်..