အရူးတစ်ယောက်ရဲ့ည

အိမ်ပြန်ချိန် လမ်းကလေးရဲ့ည မဲပေါက်သွားတဲ့ အရူးတစ်ယောက်လေ လမ်းပေါ်မှာပျော်လို့....

ထာ၀ရ

ချစ်သူ.. ငါတို့ရှေ့မှာ မိုးရွာမယ်၊ လေထန်မယ်၊ တို့မီးရှို့မီးတွေငြိမ်းသက်ရမယ်....

လွင့်မျောတဲ့ညများ

အိပ်ရာမဲ့ ဝင်္ကဘာထဲ အမြဲတမ်း ရုံးကန်ရင်း နလန်ထအောင် ဘယ်လောက်လုပ်လုပ် ငါ့ဘဝက စက်ရုပ်တစ်ခုလိုပဲ...

နာ

အစာလွန် အိပ်မက်တွေ ကိုယ်ပိုင် နှစ်သိမ့်မျက်ရည်များနဲ့ ယောင်ဝါး နေ့ရှည်ရှည် အတ္တိသရ လွန်နေကြတဲ့ လူကြွားတွေရဲ့ ဘဝနဲ့ချီတဲ့ အဓိပ္ပါယ်မဲ့ ပျက်လုံးတွေ…

အချစ်လက်ဆောင်

အသဲ ကွဲရင်ကွဲပါစေတော့ မင်းနှုတ်ခမ်းနဲ့ မင်းအနမ်းတွေကို မျှော်လင့်ရင်း အသက်ဆက်နေတဲ့ ငါဟာ သိုးမဲတစ်ကောင်ပါ မင်းအတွက် ငါဟာ နေတစ်စင်းမဟုတ်ခဲ့ပေမယ့် ကြယ်တစ်ကြွေစာ အလင်းရောင်လေး လောက်ဖြစ်ဖြစ် လင်းခွင့်ရချင်သေးတယ်...

Wednesday, December 31, 2008

လက်ဆောင် ၂၀၀၉

လက်ဆောင် ၂၀၀၉ နှစ်သစ်ကို ရောက်ပီနော်... ငါတို့ အပျော်ရွှင်ဆုံးဖြစ်အောင် ဆုတောင်းကြပါစို့... ဘဝအမောတွေလည်း များပီ.... မဆုံးနိုင်တဲ့ တဒင်္ဂ အခါးတွေ.. အမြန်ဆုံး ချိုမြိန်ပါစေ.... လွမ်းမောစရာ မနက်ဖန်တွေကို ခပ်ကြမ်းကြမ်း တွန်းလှန်ကြတာပေါ့.... ငါ့တို့ မျှော်လင့်ချက် ရောင်နီကို နှစ်သစ်မနက်ခင်းနဲ့အတူ .. အားဖြည့်ထားလိုက်မယ်.. အရာရာအောင်မြင်ကြစို့...
ကျွန်တော်ချစ်သောသူများ အားလုံးကို ဒီပိုစ်အသစ်လေးနဲ့ ... နှစ်သစ်လက်ဆောင်ပေးခွင့်ပြုပါ..

Tuesday, December 30, 2008

တဆစ်ဆစ်နဲ့ ကဗျာတစ်ပုဒ်

တဆစ်ဆစ်နဲ့ ကဗျာတစ်ပုဒ် ရူးမတတ်ချစ်ခဲ့တယ်.. နှလုံးသားတွေကြွေတော့မတတ်ပဲ...
 ငါ့အသိတွေ ဘာတွေနဲ့ ပိတ်ဖုံးနေလဲ... ငါ့မျှော်လင့်ချက်တွေ ဘယ်ဆီမှာလဲ... 
ငါ့ လမ်းတွေမှုံဝါးနေပီလား... ငါ့ကိုယ်ငါတောင် မသိချင်တော့ဘူး... 
ငါ့လမ်းလည်းမှောင်လို့ ... တဆစ်ဆစ်နဲ့ .... ည ကဗျာပေါ့... 
ခိုလှုံရာမဲ့တဲ့ ငါ့ရင်ခွင်လေ... ဘယ်သူက ဘယ်လောက် အလေးအနက်ထားမှာလဲ..... 
ငါနားလည်သလို လူတွေဘာလို့နားလည်မပေးချင်ကြတာလဲ... တဆစ်ဆစ်နဲ့ .. ငါ့ ကဗျာပေါ့..
အချစ်က ငါ့ကို ရူးသွပ်နေခဲ့တော့တဲ့ ... ဘယ်သူကများ ငါ့လောက်ချစ်နိုင်မှာလဲ... 
ဘယ်သူကများ င့ါကိုတန်ဖိုးထားခဲ့လို့လဲ.. စကားတစ်ခွန်းကို ဘာလို့ တန်ဖိုးမထားကြတာလဲ ..
 ငါ့မျက်ရည် အစစ်ကို ဘယ်သူကူသုတ်ပေးမှာလဲ.. 
တစ်ဆစ်ဆစ်နဲ့... ငါ့ ကဗျာလေ..