ကိုယ်ပိုင် လောင်ကျွမ်းခြင်း (၁၄၁၀၀၈-၂၄၀၀)
ကန့်သတ်မဲ့ အချိန်တွေဝါးမျို သံယောဇဉ် ဓါးတစ်ချောင်း နှလုံသားတွေမှာ တစ်ဆစ်ဆစ်နစ်မြုပ်.... လက်တွေတောင် တုန်ရီနေသတဲ့.... အဲဒီညမှာလဲ လမင်းကမလင်းခဲ့ပါဘူး... လက်ခနဲ ကြည့်တဲ့အကြည့် ငါသိခဲ့သလိုပဲ .... သွေးမရှိတဲ့ နှလုံးသားကို ခပ်ကြမ်းကြမ်း နွေးထွေးစေတယ်လေ.... အပြင်မှာတော့ .. ငါ့ရာသီဥတုက ပုံမှန်လိုပါဘဲ နင်မသိအောင် ရင်ခုန်မယ်... .........................
စိတ်ကူးအိပ်မက် (၁၃၁၀၀၈-၀၅၃၀) ငါဟာ ပိုးစုန်းကြူး တစ်ကောင်ပေါ့ အလင်းရောင်က မှိန်ပျပျပါ.... ဒါပေမယ့် လမင်း မလင်းတဲ့ ညတစ်ညအတွက်တော့ ငါဟာ မင်းအတွက် အလင်းရောင်ပါ....
မင်းရော ဘယ်လိုလဲ ? အငဲပြောတဲ့ ကြာဖြူလား နွံအိုင်လား....
ငါ .... ၀ါးတစ်ပင် နွယ်တစ်ချောင်းလောက် အသုံးဝင်ချင် သေးတယ်.